အခန်း98

260 43 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း၉၈။ဒီလိုဦးညွတ်မှုကမင်းနဲ့ထိုက်တန်တယ်

လုဇွီရဲ့နှုတ်ခမ်းတို့ရှုံ့မဲ့သွားရသည်။ သူကို့ရို့ကားရားလေးပြောလိုက်၏။

" အဲလစ် ဒီလိုမပြောပါနဲ့ "

တစ်ချို့သော အကြောင်းပြချက်တွေကြောင့်အဲလစ်အခုလိုပြောလာသည့်အခါမှာတော့သူ့ကို အရိုးထိအောင်အေးစိမ့်သည့်ခံစားမှုမျိူးကိုပေးသည်။

အိမ်မွေးတိရစ္စာန်လေးကနည်းနည်းစည်းကျော်သွားသလိုခံစားလိုက်ရသည်။ သူပြုံးလိုက်သည်။

" အဲလစ် ဒီတိုင်း အစ်ကို့အတွက် ချက်ပြုတ်ပေးလေ။ ဒါဆိုရင်လုံလောက်နေပါပြီ

အဲလစ်လည်းခေါင်းလှည့်ကြည့်လိုက်ရင်းပြုံးလိုက်သည်။

အဲလိုဆိုမွေတာ့ညီမက စီနီယာ အစ်ကိုရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာစားဖိုမှုးလုပ်ရတော့မှာပေါ့

လုဇြီ မျက်လုံးပင့်လိုက်၏။

တကယ်လုပ်ပေးမှာလား။ အရသာရှိတဲ့အရာတွေကိုသာနေ့တိုင်းစားရမယ်ဆိုရင်ဒီ့ထက်ကောင်းတဲ့သုခဘုံဆိုတာ ရှိတော့မှာမဟုတ်ဘူး။"

လုဇြီ ဘယ်လောက်ပျော်လဲဆိုတာကိုတွေ့တော့ အဲလစ်လည်းသူမမျက်လုံးတွေကိုလှည့်လိုက်သည်။

အင်း တကယ်ပေါ့

ထိုအခိုက် ပုံရိပ္တစ္ခုက ထို၂ယောက်ရဲ့ဘေးတွင်ပေါ်လာသည်။ ထိုသူက အလွန်ပင်ခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပေမဲ့လည်း အမူအရာက တောင့်တင်းနေပုံရသည်။

လုဇြီ လည်း ထိုရွှေရောင်ဆံပင်နဲ့ လူကို ကြည့်လိုက်ရင်း ကြောင်သွားလေသည်။ အိုသေစမ်း သရဲမ်ားလား။
အဲလစ်မျက်လုံးပြူးရင်းပြောလိုက်သည်။

အေဖ.. အဖေဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလဲ

အဲလစ်ရဲ့ အေဖက သူ့သမီး ဘယ်လောက် ရှက်ရွံ့နေလဲဆိုတာကိုကြည့်ရင်းနှုတ်ခမ်းတွေက ရှုံ့မဲ့သွားရသည်။အိုး.. ငါသာပေါ်မလာဘူးဆိုရင် ဒီကလေးမလေးသူမကိုယ်သူမပေးအပ်လိုက်တော့မှာလား။ မဟုတ္ဘူး အခုပေးမလိုတောင်ဖြစ်နေပြီ မဟုတ္လား။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now