အခန်း13

335 65 1
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၃ ကြီးမားတဲ့ ရိတ်သိမ်းမှု

ဗဟိုအစိုးရတက္ကသိုလ်တွင် တက်ရမည်လို့ စိတ်ဆုံးဖြတ်ပြီးသည့်နောက် လုဇြီ ပြင်းပြင်းထန်ထန် ကြိုးစားကာ လေ့ကျင့်တော့သည်။  နေ့အချိန်တွင် သူ သိုင်းကျင့်သလို ညအချိန်တွင်တော့ ကြားခံနယ်ထဲ၀င်ကာ ယုန်တွေသတ်ပြီး အလင်းလုံးတွေ စုသည်။

ထို ကြားခံနယ်ထဲတွင် ယုန်နဲ့ ဝံပုလွေစိမ်းအပြင် တခြားသောသတ္တဝါတို့လည်း ရှိနေကြောင်း သိခဲ့ရသည်။ ဆယ်မီတာကျော်သော တောင်ပံတွေကို ပိုင်ဆိုင်သည့် ရွှေ၇ာင်သိန်းဌက်တွေလည်း ရှိကြောင်း သူသိခဲ့ရသည်။ နောက် နှစ်မီတာမြင့်တဲ့ မီးတောက်နီ ခြငေ်္သ့တွေကိုလည်း တွေ့ရပေသည်။

သူ ၀မ်းနည်းစွာ တွေ့ရှိတာကတော့ ယုန်တွေက မြက်ခင်းပြင်ကျယ်တွင်သာအစာကွင်းဆက် အတွက်နေတယ်ဆိုတာပါပဲ။  သူ့အဆင့်ကလည်း ယုန်တွေနဲ့ အတူတူလောက်ပင်။

  သူ ထိုအမဲလိုက်ကြားခံနယ်ကို ရောက်သွားတိုင်း နှစ်နာရီပြည့်အောင်ပင် တစ်ခါမှ မနေဖူးခဲ့ပေ။ ဒါ့အပြင် စွမ်းအားကြီးသော သားရဲကြီးတွေနဲ့လည်း တစ်ကြိမ်သော်မှ မဆုံးခဲ့ပါပေ။ တွေ့ခဲ့ပြန်ရင်လည်း စိတ်ကူးယဉ်ဆန်ဆန် ရုန်းကန်ပြီးနောက် နေရာတွင်ပင် သူ သေရသည်ပေ။

သို့သော်လည်း သေခြင်းရှင်ခြင်း တိုက်ပွဲတွေကို အကြိမ်ကြိမ် ကျော်ဖြတ်ပြီးသည့်နောက် သူ့ရဲ့ စွမ်းအားက ပိုပိုသာ တိုးလာခဲ့သည်။ ခုနှစ်ရက်ကြာပြီးသည့်နောက်တွင် သူက သိုင်းစစ်သည်အဆင့်လေးဖြစ်တဲ့ သန့်စင်ခြင်းအဆင့်တွင် ပြီးပြည့်စုံသောအခြေအနေကို ရောက်သွားလေပြီ။

သူ့ရဲ့ကြွက်သားသန့်စင်ခြင်းကလည်း ပြီးပြည့်စုံသော အဆင့်ကို ရောက်သွားလေပြီ။ သူ့ကြွက်သားတွေက သဘာ၀မက်စြာ  တက်ကြွနေကြသည်။ ထိုကြွက်သားတွေမှ အလင်းတွေပင် ထွက်နေတတ်၏။ သူ့ရဲ့အရွတ်သန့်စင်ခြင်းကလည်း ပြီးပြည့်စုံသွားခဲ့ပြီ။ သူ့ရဲ့ အဓိက အရွတ်တွေက ရွှေရောင်ပြောင်းကုန်ကာ ရွှေရောင်ဖျော့ဖျော့ အလင်းတွေ ထုတ်လွှတ်နေခဲ့ပြီ။ သူ့ရဲ့အရိုးသန့်စင်ခြင်းကလည်း ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိခဲ့ပြီ။ သူ့ရဲ့အရိုးအားလုံးက ကျောက်စိမ်းလက်နက်တွေလိုမျိုး ချောမွေ့နေခဲ့ပြီ။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now