အခန်း21

334 63 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၁ မင်း ဘာမွမသိပါဘူး

လုဇွီတော့ မူးနောက်နေပြီ။ သူက ကြီးမားလှတဲ့ ပိုးကောင်ကြီးကို စိုက်ကြည့်ရင်း နှုတ်ခမ်းက ရှုံ့မဲ့နေခဲ့ပြီ။

ထူထဲလှသည့် သံချပ်ကာနဲ့ ကြီးမားလေးလံပုံရကာ တုတ်ခိုင်လှသည့် ချွန်ထက်နေသော ခြေခြောက်ချောင်းအပြင် တရမ်းရမ်းလုပ်ကာ မျက်နှာပါ ပျောက်အောင် ရမ်းခါနေတဲ့ လက်ဆယ်ချောင်းကြောင့် ကြည့်ရတာတော့ အတော်မကောင်းပေ။

"ဒါက ဆူးချွန်လုံးထက် ပို သိမ်မွေ့မယ့်ပုံပဲ.."
လုဇြီ ရွဲ့တွေးလိုက်၏။

" ဒီလောကကြီးတစ်ခုလုံးက ဘယ်လိုအတွေးတွေနဲ့များ ပြည့်နေတာလဲ "

ထို ပိုးကောင်က စင်မြင့်ပေါ် ပေါ်လာပြီဆိုတာနဲ့ လုဇြီဆီ တန်းပြေးလာသည်။ လက်တွေခြေတွေကြား ပျောက်နေတဲ့ပါးစပ်ကလည်း နားကွဲမတတ် ဆူညံတဲ့ အသံတို့ကို ထုတျလကြျ၇ှိသညျ။တဈခြိနျထဲမှာပငျ လက်ဆယ်ချောင်းက လုဇြီကို အဘက်ဘက်မှ စုတိုက်လာသည်။

ထိုလက်ဆယ်ချောင်းက ဝေ၀ဝါးဝါးသာ မြင်ရလောက်တဲ့အထိ လျှင်မြန်ကာ လောကတစ်ခုလုံးကိုပါ ပင့်ကူမျှင်တွေနဲ့ ဖုံးလွှမ်းလိုက်သည့်အလား ခံစားရေစကာ လုဇြီကေတာ့ သနားစရာ ပိုးဖလံလေးဖြစ်လို့လာသည်။

အလွန်အမင်း အန်တရာယျ၇ှိသည့ျ ချီစွမ်းအားတို့ ထွက်ပေါ်လာတာက လုဇြီအား တိုက်ပွဲကောင်းကို ကြုံရပြီဆိုတဲ စိတ်အခြေအနေကို ရောက်စေသည်။အမဲလိုက် ကြားခံနယ်တွင် စွမ်းအားကြီးလွန်းတဲ့ သတ္တဝါသားရဲတွေနဲ့ အကျင့်ပါလာလောက်အောင် ခဏခဏ တိုက်ခိုက်ရင်း အသေခံနေရတာမို့ သူ့စိတ်က ငြိမ်းအေးကာ တည်တည်ငြိမ်ငြိမ်ပင် ရှိသည်။

သူ့ခြေတို့က မြေပြင်ကို အသာအယာ ဆောင့်နင်းလိုက်တဲ့အခါ အကြည့်တွေကတော့ အေးစက်နေခဲ့ပြီ။သူ့့ပုံရိပ်က အလိုလိုကိုလျှင်မြန်သွားကာ ရေဘဝဲလက်တွေကဲ့သို့ များပြားတဲ့ခြေလက်တွေကို ရှောင်လိုက်သည်။

အိုး သောက်ပဲ ဒီကောင် တကယ်ရှောင်နိုင်တယ်ဟ

လုဇြီရဲ့ တိုက္ပြဲကို စောင့်ကြည့်နေကြသူတွေကတော့ ခြေှးပြံနရေပွီ။ သူတို့သာဆိုရင် ဘာမှတောင် လုပ်ချိန်မရလိုက်ဘဲ အပိုင်းပိုင်းပြတ်သွားမှာ သေချာသည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now