အခန်း146

215 29 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း၁၄၆ မစိုးရိမ်ပါနဲ့ အရင်ဆုံးဓါးနတ်ဆိုးကိုဖမ်းကြတာပေါ့

အစီစဉ်မကျတဲ့ ဟိန်းဟောက်သံလေးသံနဲ့အတူ ဝိဉာဉ်စွမ်းအင်အလင်းတို့က တဖျက်ဖျက်လက်လာတာကိုတွေ့လိုက်ကြရသည်။ အဝေးတစ်နေရာတွင်ရှိသည့် သဲမုန်တိုင်းက ကန္တာရတစ်ခုလုံးကိုထိုး၀င်ရင်း တိုးတိုက်လာလေကာ ချွန်ထက်လှတဲ့မြားတွေကိုတောင်မှ ဖွဲ့တည်နေသလားပင်ထင်ရစေသည်။

သိပ်မကြာခင်အချိန်မှာပင် ထိုမြားတွေအားလုံးက လုဇွီနဲ့အခြားသူတွေအားလုံးထံသို့ စုဝေးရောက်ရှိလာပါ၏။ စစ်သားတွေအားလုံးက ပိတ်ဆို့လိုက်ချင်ပေမဲ့လဲ တစ်ဖက်ကတိုက်ခိုက်မှုစွမ်းအားက အလွန်ပြင်းထန်နေပေသည်။ ဒါကအမြုတေသိုင်းစစ်သည်အဆင့်မြင့်အဆင့်၏ တိုက်ခိုက်မှုပင်ဖြစ်၏။ သူတို့မှာဝိဉာဉ်စွမ်းအင်ရှိရင်တောင်မှပဲ ဒီလိုတိုက်ခိုက်မှုမျိုးကို ရပ်တန့်ဖို့ရာမရှိပါချေ။ အခုအခါမှာတော့ ပိုလို့သာအသုံးမ၀င်ခဲ့တော့ပေ။

လင်းလင်အံကြိတ်လိုက်သည်။ သူမမှာဝိဉာဉ်စွမ်းအင်မရှိဘူးဆိုတာကိုသိပေမဲ့လဲ ငြိမ်ငြိမ်ထိုင်ပြီးတော့ စောင့်မနေနိုင်ပါချေ။

လင်းလင်လုဇွီကိုကြည့့်လိုက်တော့ သူ့မျက်နှာကအေးစက်နေပုံရသည်။ သူ့ပုံစံကြည့်ရတာတော့ သိပ်စိုးရိမ်ပုံမရပါချေ။ ဘာကြောင့်မှန်းမသိပါဘဲ လုဇြီပုံစံက ရယ်ချင်နေတဲ့ပုံစံလို့သူတွေးမိလိုက်ရသည်။

ဒီအရူးနဲ့ပတ်သက်ပြီးတကယ်စိုးရိမ်နေဖို့မလိုဘူးပဲ။

လင်းလင်ကရှောင်ရှားဖို့တွေးလိုက်တဲ့အချိန်မှာပဲ လုဇွီကသူမလက်မောင်းကိုဖမ်းဆုပ်လိုက်သည်။ ထို့နောက်လုဇွီက အလေးအနက်အသံနဲ့ပြော၏။

ဒီမှာပဲရပ်နေ လုံး၀မလှုပ်နဲ့

လင်းလင်ပင်မပြောနိုင်သေး အလွန်အမင်းပြင်းထန်တဲ့တုန်ခါနေသောအနီရောင်မီးတောက်က လေထဲမှာမြင့်တက်လာတာကိုတွေ့လိုက်ကြရသည်။ ထို့နောက်ပိုပိုပြီးသာများပြားလာတဲ့မီးတွေအားလုံးက ထွက်ပေါ်လာလေကာ ကြီးမားကာ နီရဲလွန်းလှတဲ့ မီးအကာအကွယ်လွှာကြီးက လူတိုင်းလူတိုင်းကို လွှမ်းခြုံသွားတော့သည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now