အခန်း145

225 36 2
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၄၅ စိတ်ပျက်အားငယ်ခြင်းဆိုတာကို မင်းတကယ်မသိဘူးပဲ
 
ထိုအချိန်မှာပဲကြီးမားလှသည့်၀င်္ကပါတစ်ခုကရုတ်တရက်မြင့်တက်လာခဲ့သည်။ ၀င်္ကပါက သွေးရောင်အလင်းတွေနဲ့တောက်ပနေခဲ့၏။ ချက်ချင်းပင်အားလုံးကို ဖုံးလွှမ်းသွားခဲ့၏။

ဒါကဝိဉာဉ်ချိတ်ပိတ်ခြင်း၀င်္ကပါဘဲ အားလုံးပဲ လွတ်မြောက်အောင်ကြိုးစားကြ

မီကီကဟိန်းယောက်လိုက်သည်။ အချိန်ခဏလေးအတွင်းမှာပင် သူတိုပအားလုံးက ၀င်္ကပါမှခုန်ထွက်လိုက်နိုင်ကြ၏။

၀င်္ကပါကချက်ချင်းပင်ပြန်ငြိမ်သက်သွားခဲ့လေသည်။ လုဇြီက ၀င်္ကပါအပိုင်းအစတွေကိုကြည့်လေရင်း စိတ်ရှုပ်သွားလေကာလေ့လာနေတော့သည်။

သူဘာစွမ်းအင်တွေကိုမှ မခံစားရပါလား။

ဒီ၀င်္ကပါဆိုတာက ဘယ်လိုမျိုးလဲ။

သူဘာလို့ဘာစွမ်းအင်ကိုမှ မခံစားရတာလဲ။

ဒါကဟန်ပြသက်သက်လား။

ထိုအခိုက် လုဇြီက တစ်စုံတစ်ယောက်စိုးရိမ်စွာပြောလာတာကိုကြားလိုက်ရသည်။

ငါဝိဉာဉ်စွမ်းအင်မသုံးနိုင်တော့ဘူး။ ငါ့ရဲ့ဒန္တ်န္က ကွဲကြေတော့မလိုခံစားနေရပြီ

ထိုစကားကိုလည်းကြားရော လူတိုင်းရဲ့အမူအရာကပြောင်းလဲသွားကာ သူတို့ရဲ့ကိုယ်ပိုင်စွမ်းအင်တွေကို အာရုံခံကြည့်ကြသည်။

အိုးသေစမ်းငါလည်းအတူတူပဲ

ငါရောပဲ

အားလုံးရဲ့အမူအရာကပြောင်းလဲသွားခဲ့ပြီ။ ဒါကလူတစ်ယောက်ထဲဖြစ်တာမဟုတ်ပေ။ အားလုံးရဲ့ဝိဉာဉ်စွမ်းအင်တွေက သူတို့ရဲ့ဒန်တျန်ထဲမှာ ချိတ်ပိတ်ခံလိုက်ရခြင်းဖြစ်သည်။

လုဇွီရဲ့အမူအရာထူးဆန်းသွား၏။ သူ့မှာဝိဉာဉ်ခန္ဓာကိုယ်ပိုင်ဆိုင်ထားသည်။ ဒီတေယ့ သူ့ရဲ့ဝိဉာဉ်စွမ်းအင်က ဒန်တျန်ထဲမှာ သိုလှောင်ထားခြင်းမဟုတ်ပေ။ ဒါကြောင့်ဘာမှမှားတယ်လို့သူမခံစားရခြင်းဖြစ်သည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now