အခန်း181

195 25 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၈၁(မကြောက်ပါနဲ့ ငါက အခြားလူကောင်းတွေနဲ့ မတူပါဘူး)

ဓါးနတ္ဆိုး အခြေစိုက်စခန်းနဲ့ ကီလိုမီတာ တစ်ဆယ်ကျော်ဝေးကွာသော နေရာတွင် လူသားစစ်သားတွေ စခန်းချနေသည်။

ထိုစစ်သားတွေဟာလည်း စိုးရိမ်စိတ်၊ စိတ်လှုပ်ရှားနေတဲ့ မျက်နှာအမူအရာတွေနဲ့ ဖြစ်နေကြသည်။ သို့သော် အလင်းမြူတွေနဲ့ ဖုံးလွှမ်းထားခဲ့သည့် ကြီးမားလှတဲ့ အခြေစိုက်စခန်းကြီးကိုသာ စိုက်ကြည့်နေကြပေသည်။

နန်ကုန်းကျင်းနဲ့ အခြားလူငယ်မှူးမတ်တွေဟာလည်း လေထဲမှာ လွင့်မြောနေလေရင်း စစ္တပ္ဘက္က စွမ်းအားကြီးမားသူတို့နဲ့အတူ ရှိနေလေသည်။ စွမ်းအားကြီးမားလှတဲ့ နယ်မြေဟာ သဲမုန်တိုင်းရဲ့ ပိတ္ဆို့မွုကို ခံထားရသည်။

ထိုအခိုက် နန်ကုန်းကျင်းက သူမရဲ့ သိုလှောင်လက်စွပ်ထဲမှ ဝိုင်တစ်ခွက်ကို ထုတ်ရင်း ရွှေရောင်အလင်းတွေတောက်ပနေစေကာ တစ်ငုံသောက်သေးသည်။

သူမက ဝိုင်ခွက်ကို အသာလှုပ်သည်။ ချက်ချင်းပင် ရွှေရောင်ဝိုင်ရဲ့ မွှေးပျံ့တဲ့ ရနံ့က လေထုထဲပြည့်နှက်သွားတော့သည်။ နန်ကုန်းကျင်းက အားလုံးကုန်အောင်အထိသောက်လိုက်လေရင်း
ဂလု ဂလု ဟ လို့အသံပင် မြည်ထွက်နေသေးသည်။

နန်ကုန်းကျင်းရဲ့မျက်နှာက အနည်းငယ်နီရဲနေခဲ့သည်။ သူမရဲ့ ကြယ်လိုတောက်ပတဲ့ မျက်ဝန်းတွေက ရွှေရောင်သန်းလာ၏။

သူမရဲ့လက်တွေက ရွှေရောင်အလင်းတွေနဲ့ တောက်ပလာခဲ့ကာ သလင်းရောင် ပန်းကန်လုံးက ချက်ချင်းပင် ဖုန်အဖြစ်ပြောင်းသွားလေရင်း လေထဲပျောက်ကွယ်သွားခဲ့သည်။

သူမက သက်လတ်ပိုင်းလူကို ရယ်ပြလိုက်သည်။ အဖိုးကြီး ဒါရီ စကြစို့

ဒါရီ သူမရဲ့ စကားတွေကို ကြားတော့ အနည်းငယ်တော့ မှင်သက်သွားသေးသည်။ ထို့နောက်လင်းကွမ်၊ လျှိုပင်းချင်း၊ လျှိုရီဆာတို့ကို တစ်ချက်ကြည့်လိုက်သည်။

ထိုအခိုက် လင်းကွမ်ရဲ့ ကျောဘက်ရှိဆံပင်တို့က သွေးရောင်အဖြစ် ပြောင်းလဲနေခဲ့ပြီဖြစ်သည်။ ထိုသို့ပြောင်းလဲသွားတဲ့အခါ ပြင်းထန်တဲ့ သွေးနံ့က လေထဲပြည့်နှက်လာခဲ့သည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now