အခန်း42

309 54 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၄၂ ငါ့လက္ကို ခါးမွာ အရင်ထားပါရစေဦး 

ထိုအခိုက် လုဇြီရဲ့ ကိုယ်တစ်၀က်လောက်နီးပါး ဖောက်ထွင်းမြင်ရမလိုဖြစ်လာသည်။ သူက အိပ်ယာပေါ်တွင် ထိုင်နေသည့်အခါ လက်ရာမြောက်လှသည့် အနုပညာရုပ်ထုလိုပင် ထင်ရသည်။ လူတွေကသာ သူ့ကိုသေချာမသိရင် အစစ်အမှန်လူလို့ ထင်ကြမည်မဟုတ်ပေ။

နေရောင်ကပြတင်းမှ ဖြာကျနေသလို အခန်းကို အလင်းရောင်ထိုးပေးထားရင်း လုဇြီကိုယ္ကို ထိုးဖောက်ဖြတ်သန်းသည်။

သို့သော်လုဇွီကတော့ ပြောင်းလဲမှုကိုသတိမမူမိသေးချေ။ သန့်စင်ခြင်းက အဆုံးသတ်လုနီးပါးဖြစ်လာသည်။ သူက အလင်းလုံး အလုံးငါးဆယ်လောက်ကို ပြီးပြည့်စုံတဲ့အဆင့်ထိရောက်ဖို့ သုံးခဲ့ရသည်။

သလင်းကျောက်လို ကြည်လင်သန့်ရှင်းနေတဲ့ သူ့ကိုယ်သူကြည့်ကာ လုဇြီ ပျော်လာသည်။တစ်ကိုယ်လုံး သလင်းကျောက်လိုဖြစ်နေတာက ဘာအညစ်အကြေးမှ မ၇ှိဘူးဆိုတဲ့ သဘောဖြစ်သည်။

သူ ပိုပြီးအစွမ်းထက်လာပြီလို့ လုဇြီ ခံစားနေရ၏။

သူ့ခန္ဓာက သူ ရန်နဲ့တူးကြားခံနယ်နှစ်ခုကို ပြီးပြည့်စုံရောက်ပြီးတဲ့ အခြေအနေထက် အနည်းဆုံး နှစ်ဆလောက်သန်မာနေပြီလို့ သူထင်သည်။

ငါ ခါးအရင်ထောက်ပါရစေဦး...

သူ ကောင်းကင်ကိုကြည့်ပြီး အော်သင့်လား...
ငါ့ကို ကောင်းကင်က လာတားရင် ငါ ကောင်းကင်ကို ဆန့်ကျင်မယ်။ မင်း ကောင်းကင်ကိုဆန့်ကျင်ရင် အသက်၇ှင်နိုင်ချေရှိရင် ရှိနိုင်သေးတယ် ငါ့ကို လာရှုပ်ရင်တော့ သေလမ်းပဲရှိမယ်
လို့လေ

ဘာပဲဖြစ်ဖြစ်ပါ ဒီလေသံက နည်းနည်း ကလေးဆန်သလိုပဲ။သူကရင့်ကျက်တဲ့ လူကြီးတစ်ယောက်ဖြစ်နေပြီလေ။

ခဏကြာတော့ လုဇြီ မျက်လုံးဖွင့်လိုက်သည်။ သူ့သန့်စင်ခြင်းက ပြီးပြည့်စုံသွားခဲ့ပြီ....

ရေချိုးခန်းသို့ မသွားခင်တွင် သူ့ကိုယ်ပေါ်တွင် မီးခိုးရောင်အညစ်အကြေးတွေနဲ့ပြည့်နေခဲ့သည်။သူက အ၀တ်လဲတာနဲ့ ကိုယ္ကို သန့်ရှင်းတာကိုတစ်နေ့နှစ်ကြိမ်လုပ်သည်။သူ ပျော်ရွှင်စွာနဲ့ ဆေးကြောသန့်စင်နေသည်။ ရုတ်တရက် လုဇြီ မျက်နှာပြောင်းသွား၏။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now