အခန်း183

200 21 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၁၈၃(သူက အရမ်းကောင်းမယ့်ပုံပဲ)

တိုက်ပွဲနယ်မြေတွင် နှစ်ဖက်လုံးရဲ့သွေးတွေက နေရာအနှံ့ပြန့်ကျဲနေခဲ့ကာ သဲဝါပေါ် ပက်ဖြန်းနေခဲ့သည်။

လေပြင်းတွေတိုက်ခိုက်လာတဲ့အခါ သွေးရနံ့တွေက ဝေးကွာတဲ့နေရာတွေအထိ ပျံ့နှံ့ကုန်သည်။

လာရောက်ကြည့်ရှု့ကြတဲ့လူသားတွေနဲ့ ဂျာနယ်လစ်တွေကတော့ ပြင်းထန်လှတဲ့ သွေးနံ့ကို အာရုံခံမိကြသည်။ ဟိန်းဟောက်သံတွေ၊ တိုက်ခိုက်သံတွေနဲ့ တုန်ခါနေတဲ့ မြည်ဟီးသံတွေကြောင့် တိုက်ပွဲရဲ့ပြင်းထန်မှုကို သူတို့ခံစားသိရှိမိကြပေသည်။

လွပတဲ့ ဂျာနယ်လစ်လေးက ရှင်းလင်းစွာပင် တိုက်ပွဲနယ်မြေရဲ့ဂျာနယ်လစ်ဖြစ်တဲ့အလျောက်အတွေ့အကြုံရှိပြီးသားဖြစ်သည်။ ထိုမြင်ကွင်းကို မြင်နေပေမယ့် သူမက စိုးရိမ်စိတ်မဖြစ်ပေ။ အဲ့ဒီအစား အခြေအနေကိုတောင်မှ တုန့်ပြန်တဲ့အနေနဲ့ ပရိတ်သတ်တင်ပြနေသေးသည်။

လုဇွီရှိတဲ့နေရာတစ်လျောက်တွင် ထူးခြားတဲ့အနေအထားဖြစ်နေသည်။ ဒါကို သူမချက်ချင်းသတိပြုမိသွား၏။

အရှေ့ဘက်ဆုံးက တိုက်ပွဲနယ်မြေကိုလည်း တစ်ချက်ကြည့်ပါအုံး အဲ့ဒီနေရာမှာ အစွမ်းထက်ဆုံးလူသားတစ်ယောက်ရှိနေပုံရတယ်။ ဓါးနတ်ဆိုးမျိုးစိတ်တွေက အခြားနယ်မြေမှာထက် အဲ့ဒီနယ်မြေမှာ ဆုံးရွုံးမွု ပိုများနေတဲ့ပုံပဲ ။ကျွန်မတို့ဘက်က ဘာဆုံးရွုံးမွုကိုမွ မတွေ့ရဘူး တစ်ချက်လောက်အနီးကပ်ကြည့်ရအောင်

ပြင်းထန်တဲ့တိုက်ပွဲတွင် ထိုကဲ့သို့အောင်မြင်မှုနယ်မြေတစ်ခုကို တွေ့ရတာက တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းလွန်းသည်။ သူမရဲ့အသံက အသံမြင့်ဖြစ်နေ၏။

တိုက်ပွဲနယ်မြေတစ်ခုလုံးကို ဖန်သားပြင်တွင် ပြသနေခဲ့ရာက ထိုလူသားစစ်သားတွေက ဆုံးရှုံးမှုမရှိလေဘဲ ဓါးနတ်ဆိုးတွေကသာ အတုန်းအရုန်းဖြစ်နေတဲ့ နေရာတစ်ဝိုက်ကို ဖန်သားပြင်အကွက်လေးဖြင့် ဘေးဘက်တွင်ဖော်ပြလာခဲ့သည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now