အခန္း92

266 42 0
                                    

အနာဂါတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း၉၂ ကံကောင်းတဲ့ကစားသမား

ထိုအခိုက်ပထမအကြိမ်တိုက်ပွဲရလာဒ်ကအဆုံးအဖြတ်ပြီးသွားခဲ့ပြီ။ ခရမ်းရောင်လျှပ်စီးအလင်းတန်းတွေက မီးခိုးရောင်အလင်းလုံးတွေနဲ့ ထိပ်တိုက်တွေ့ပြီးသည့်နောက် အနည်းငယ်မှိန်ဖျော့သွားလေသည်။သို့သော်ပြင်းထန်တဲ့စွမ်းအင်ကိုတော့ သယ်ဆောင်ဆဲဖြစ်လေကာ ထိုမီးခိုးရောင်ဖွတ်သို့ ရိုက်ခတ်မိသွားလေသည်။

ထိုမီးခိုးရောင်ဖွတ်က ဟိန်းဟောက်လိုက်လေရင်းတစ်ကီလိုမီတာအကွာသို့ဆုတ်ခွာသွားခဲ့သည်။ လုဇွီလိုနက်နဲအဆင့်ငါးမှာရှိတဲ့ မျက်၀န်းတွေနဲ့တောင်မှထိုလှုပ်ရှားမှုကအရမ်းမြန်လွန်းနေကာ အရိပ်လေးကိုသာမြင်လိုက်ရလေသည်။

နောက်ထပ်ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ ပေါက်ကွဲသံထွက်ပေါ်လာလေကာ လျှပ်စီးအလင်းတွေကလည်းထိုမီးခိုးရောင်ဖွတ်ရပ်နေတဲ့နေရာမှဖြာထွက်လာပြန်သည်။ ထိုလျှပ်စီးဝိဉာဉ်စွမ်းအင်တွေအားလုံးက ပတ်၀န်းကျင်တစ်ခုလုံးပျံ့နှံ့လာပြန်၏။

အံ့အားသင့်မှုမှသက်သာရာရပြီးသည့်နောက်တွင် တစ်မီတာလောက်မြင့်မားတဲ့အလင်းတန်းကြီးက ရုတ်တရက်ပေါ်လာခဲ့လေသည်။

လုဇြီ  ။သူ အံ့သြနေချိန်မို့ ဓာတ်လိုက်ခံရကာတုန်ခါသွားရလေသည်။ သူ့ဘေးနားမှာရှိတဲ့ ကြီးမားလှသည့်တူးမြောင်းကြီးကို လုဇွီဆွံ့အစွာကြည့်လိုက်သည်။ ဒီလျှပ်စီးအလင်းတန်းတွေက တော်တော်အားနည်းတာပဲ။ ဒါပေမဲ့ စွမ်းအားကတော့ တော်တော်ကြီးတယ်။

ရုတ်တရက်သူ့ရဲ့လက်ရှိအခြေအနေက သူ့ကို စိတ်သက်သာရာမရစေတော့ပေ။ ဒီဖွတ်ကြီးက တစ်ကီလိုမီတာအတွင်းမြန်မြန်ရွေ့ရှားစေနိုင်သေးတယ်။ တိုက်ခိုက်မှုတိုင်းကက အခုလိုမျိုး ခုန်ပျံလွင့်ထွက်နေမယ်ဆိုရင် သူကဒီသတ္တဝါနဲ့တဖြည်းဖြည်းငါးကီလိုမီတာအထိဝေးကွာသွားလိမ့်မယ်။

လုဇွီတိတ်ဆိတ်စွာနဲ့ လေအခြေပြုနတ်စွမ်းအင်ကိုအသုံးပြုပြီး နောက်ဆုတ်ဖို့ကြိုးစားလိုက်သည်။ သူတစ်ဆယ်ကီလိုမီတာအကွာကိုရောက်မှသာ လုံခြုံတယ်လို့ခံစားရ၏။ အခုမှသာသူစိတ်အေးအေးသက်သာအသက်ရှူနိုင်လေရင်း အခြေအနေကို လေ့လာစမ်းစစ်တော့သည်။ သားရဲနှစ်ကောင်က ဝိဉာဉ်အလင်းတွေနဲ့ တဖျက်ဖျက်လက်နေလေသည်။

အနာဂတ္ခရီးသည္ ပထမတြဲWhere stories live. Discover now