စာစဉ်၃(အပိုင်း ၁)

10.1K 230 7
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁။

လုချင်းယီ မျက်မှောင်ကြုတ်လိုက်သည်။ ဒီသင်္ချာပုစ္ဆာရဲ့ မှန်ကန်တဲ့အဖြေကို ဘာကြောင့် မရနိုင်ရလဲဆိုပြီး ဒေါသထွက်လို့နေ၏။ သင်္ချာတွက်ရတာက သူမအတွက် ဘဝမှာ အမုန်းဆုံးအရာပင်။ ဒါပေမယ့် ပိုက်ဆံရေတွက်ရရင်တော့ အရမ်းပျော်သည်။

" ဒီသင်္ချာစုတ်တော့..၊ ဘာလို့ ဝေ့လည်ကြောင်ပတ်လုပ်နေရတာလဲ။ ဘာလဲ...နင်က ဒရမ်မာကွင်းလား။ နင့်ကို ဖြေရှင်းနေရတာနဲ့ပဲ ငါ ခေါင်းမူးလာပြီ ''

လုချင်းယီ၊ ခဲတံကို တင်းတင်းကျပ်ကျပ်ကိုင်ထားကာ စာရွက်ကိုပဲ စိုက်ကြည့်နေ၏။

" ဘာလို့ ဒီလောက်​တောင်  ဒေါသထွက်နေရတာလဲ..''
ရှန်းရီက ဆိုဖာပေါ်မှာ အလုပ်လုပ်ရင်း  သူ့မိန်းမကို ကြည့်လိုက်တော့ သူမက ဧည့်ခန်းရဲ့ ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေ၏။ သူမက ရှပ်အင်္ကျီဖြူ နဲ့ ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး ကြည့်ရတာ အရမ်း ကလေးဆန်နေသည်။

" သင်္ချာတွက်နေတာ''

" ကိုယ့်နားမှာ လာထိုင်ရင် ကိုယ်သင်ပေးလို့ရတာပေါ့...''

"ဟင့်အင်း....ဒီမှာပဲ ကောင်းတယ်...''

ထို့နောက် ရှန်းရီ..၊.. ဆိုဖာပေါ်က ထလာကာ သူမဘေးမှာ ထိုင်လိုက်၏။

" အဲ့ဒီ ပုစ္ဆာကိုပြ...''
သူမရဲ့ လက်ထဲကနေ စာရွက်ကို ယူလိုက်ပြီး အကြောင်းအရာကို ဖတ်ကြည့်လိုက်သည်။

" လွယ်လွယ်လေးပါပဲ၊ အရင်ဦးဆုံး xရဲ့ တန်ဖိုးကိုရှာ...ပြီးရင် အဖြေထွက်ပြီးကို...။ ဒီမှာ ရပြီ..''
ရှန်းရီက တစ်ခါတည်း အဖြေထုတ်ချလိုက်သည်။

လုချင်းယီ...ရုတ်တရက် မျက်လုံးပြူးသွား၏။
အင်း...ဟုတ်သားပဲ။ သူကျတော့ အဖြေထွက်တာ မြန်လှချည်လား။ ဒါပေမယ့် ဘာလို့ သင်္ချာပုစ္ဆာတွေမှာ အဲ့ဒီစိတ်ရှုပ်စရာကောင်းတဲ့ xတို့ yတို့က လာပါရတာလဲ။ တီထွင်တဲ့သူကလည်း.... ဒါက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာကို မသိဘူးလား။

တကယ်တမ်း ငါလည်း အဲ့ဒီအက္ခရာတွေမပါတဲ့ သင်္ချာပုစ္ဆာတွေမှာ ကျွမ်းပါတယ်နော်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now