သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၅)

2.1K 242 56
                                    

......................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
.................................အပိုင်း(၁၅).........................

ရုံးကြီးရှေ့မီးပွိုင့်........

မီးပွုင့်မီးပျက်နေလို့ လမ်းပေါ်ဆင်းပြီး ကားရှင်းနေတဲ့ ရှိုင်းရဲ့ဘေးနား ကားတစ်စီးထိုးရပ်လာသည်။ ခရာမှုတ်ပြီး လက်က တားထားရင်း ကြည့်လိုက်တော့ 7F/..... ။ ဘိုးတော်ပေါက်စရဲ့ကား..။

ဘာလဲ..ဒီနေ့မှထူးထူးခြားခြား...ဒီလမ်းကသွားတာလား..။ ဒါမှမဟုတ် ရုံးကြီးအစည်းအဝေး ရှိလို့လား။ တွေးနေရင်းနဲ့ တစ်ဖက်ယာဥ်ကြောကို လမ်းပေးရန် ဟိုဘက်သို့လှည့်ပြီး ခရာမှုတ်ရင်း အချက်ပြလိုက်ရသည်။

ဟိုဘက်ယာဥ်ကြောကို လှည့်ပြီးလမ်းရှင်းတာနဲ့ ဘိုးတော်ရဲ့ကားကို ကျောပေးထားသလိုဖြစ်နေတော့သည်။ နောက်က နေပြီး ရှိုင်းရဲ့ အနောက်ပိုင်းကို ဘယ်လောက် အရသာခံကြည့်နေပီလဲမသိ။ ရှက်လိုက်တာ... လူပါပူထူလာသည်။

ဘိုးတော်... ဘိုးတော်... ခဗျားအလှည့်ဆိုတော့လဲ လုပ်ပေါ့ဗျာ။ ဟင်း.. ဟင်း... ကျုပ်အလှည့်ကျမှ တစ်ညလုံးကို ထိုင်ကြည့်ပစ်အုံးမယ်။

"ရွှီ....''

တဖက်ယာဥ်ကြောအပြီး ဒီဘက်ကယာဥ်ကြောကို ဖွင့်ပေးလိုက်တော့ ဘိုးတော်ရဲ့ကားက ရှိုင်းရဲ့ဘေးနားက ကပ်မောင်းလာသည်။ မှန်တံခါးလေးပွင့်သွားပြီး ...

"ချာတိတ်က... ကိတ်တယ်နော်. တစ်ညဘယ်စျေးလဲကွ... ''

မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောသွားသည့် ဘိုးတော်။

"ဘာ....ခဗျားကြီး....''

ရှိုင်း ပြန်ပြီး စကားပြောချိန်မရလိုက်။ ဘိုးတော်ကားက မောင်းထွက်သွားချေပြီ။ အေးပါ...ခဗျားကြီး... လုပ်ထားပါ။
ခွီး...။

မီးပြန်လာမှ ပွိုင့်ဂိတ်ထဲကို ပြန်ဝင်လာတဲ့ ရှိုင်းကို ဆရာကြီးတင်ရွှေက ဆေးလိပ်ဘူးလေးနဲ့ တစ်ရှူးအစိုလေးတစ်ထုပ်ကို လှမ်းပေးလာသည်။

"မင်းအတွက်တဲ့ .... ငါ့တပည့်.... ခုနက... လမ်းဦးစီးက ဦးစီးတစ်ယောက် ပေးသွားတာ...''

"ဟုတ်...ဟုတ်..ဆရာကြီး....''

ဘိုးတော်ပေါက်စ.. ခဗျားကို..အာ့တွေချစ်တာဗျ။စိတ်တိုအောင်ခနခန ကလိလိုက် ပြန်ပြီး ချစ်လာအောင် လုပ်ပြလိုက်နဲ့။ တကယ့်လူကြီး။ ခုလဲကြည့်လေ။ ရှိုင်းအတွက်တဲ့။ ရှိုင်းသောက်နေကြ ဆေးလိပ်တံဆိပ်ကို ဘယ်အချိန် မှတ်ထားလဲမသိ။ တစ်ရှူးအစိုထုပ်လေးကပါသေးဗျာ။ နေပူထဲ အလုပ်လုပ်ရတဲ့ ရှိုင်းအတွက် အေးမြခြင်းတွေ ဖြစ်စေမယ်ပေါ့လေ။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now