သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၃)

1.5K 171 71
                                    

............သစ္စာဖြင့်ဖန်တီးသော..........real bl  story
.........................အပိုင်း(၃၃).........................

ရှိုင်းတစ်ယောက်ကတော့ အိပ်ယာထဲမှာ သူ့ရဲ့ အူးကို ရင်ခွင်ထဲထည့်ပြီး အိပ်နေရလို့ အရမ်းတွေသာယာနေပြီလို့ ခဗျားတို့ ထင်ကြမလား။

ဒါမှမဟုတ် ဥပုပ်စောင့်တဲ့ကျားကြီးက ရင်ခွင်ထဲက လူကြီးအသားကို စိတ်မထိန်းနိုင်ဘဲ စားမိသွားမလားလို့ တွေးပြီး မှောင်နေကြအုံးမလား။

ဒါမှမဟုတ်............ ခဗျားလေးတို့တတွေ ဘာတွေများ တွေးထားကြမလဲဆိုတာ သိချင်လိုက်တာဗျာ။

ဟုတ်ကဲ့.... အပြင်က ရှိုင်းရဲ့ လက်တွေ့ဘဝ အခြေအနေကတော့ အောက်ပါအတိုင်းပါခဗျာ။

------------------vvvvvv----------

ရှိုင်းကို တင်းကြပ်စွာ ဖက်ပြီး အိပ်နေသည့် လူကြီးလေးက ရှိုင်းရဲ့ ရင်ခွင်ထဲ အတင်းတိုးဝင်နေလေသည်။

ဘာလေးလဲကွာ။
တကယ့်ဟာလေး။
မူးပြီးအိပ်တာတောင် ရိုးရိုးမဟုတ်ဘူး။ ရင်ခွင်ထဲအတင်းတိုးနေတယ်။
တကယ့် ကလေးကျနေတာဘဲ။
ချစ်စရာကောင်းလိုက်တာ daddy အုကဲလေးရာ။

အသက်သာရှိုင်းထက်ကြီးတာ လူကောင်က ရှိုင်းထက်သေးတယ်။
အရပ်ကလဲ ရှိုင်းရင်ခွင်ထဲ ထည့်ထားလို့ရတဲ့အရပ်မျိုးလေး။
မသိရင် တကယ့် မာနကြီးပြီး ခပ်ချေချေစတိုင်မျိုးနဲ့ အရာရှိလေးက အခုလိုအချိန်လေးမှာတော့ ရှိုင်းအတွက် ကလေးလေးပါကွာ။

ဟောကြည့် ကလေးလေးလို့ တွေးနေကာရှိသေးတယ် ဇာတ်လမ်းကစပြီ။

ညအိပ်အက်ျီ ဝတ်မအိပ်တတ်တဲ့ ရှိုင်းရဲ့အကျင့်ကြောင့် ခွကျနေပြီ။
ဘာဖြစ်ရမလဲ.... ရင်ခွင်ထဲမျက်နှာအပ်ပြီး အတင်းတိုးနေရင်းနဲ့ ရှိုင်းရဲ့ sweet pointကို ပါးစပ်နဲ့ ကလိနေတယ်လေ။

ဒီလူကြီးဟာလေ.... လူဘဲမူးတာ... တဏှာတော့မမူးဘူးဗျ။
အတော်မလွယ်တဲ့ လူကြီး။

ဟာ... ဒီနေရာတွေကို လာထိရင် ဘာတွေဖြစ်တတ်လဲဆိုတာ ယောကျာ်းတိုင်း သိပါတယ်ဗျာ။

ရှိုင်းလား.... ရှိုင်းလဲ ကျားဘဲလေဗျာ။
ဘာရမလဲ ဒေါင်ခနဲပေါ့ဗျ။
ဒါပေမဲ့ ပြောထားပြီးသားဘဲ။ ဥပုပ်စောင့်ထားတယ်လို့။
လုံးဝမ မှောင်နိုင်ဘူး။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now