သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂)

5.1K 446 71
                                    

.......................သစ္စာဖြင့်ဖန်တီးသော..........................
#real bl fic
...................................အပိုင်း(၂)................................
"တွေ့ခဲ့လား.....ဇွဲ"...
"မတွေ့ဘူး......ခွီး........ တစ်ညနေသာကုန်သွားတယ်....... ဘယ်ကြွက်တွင်း အောင်းနေလဲမသိဘူး........ ကားဆီကုန်တာ အဖတ်တင်တယ်......"

မကျေမနပ်ရုပ်ကြီးနဲ့ ပြန်ဖြေလာတဲ့ ဇွဲကို ပြည့်စုံ ရီချင်နေမိသည်။

"ဒီအတိုင်း လိုက်ရှာလို့ ရမလားကွ....... မင်းပြောတော့် နာမည်ရော.. ကိုယ်ပိုင်နံပါတ်ရောသိတာဆို..... ရုံးမှာမေးလိုက်ရင်ရတာဘဲ...ဒီနေ့ ဘယ်မှာတာဝန်ကျလဲလို့"

ပြည့်စုံရဲ့စကားကို မျက်မှောင်ကုတ်ကြီးနဲ့ ပြန်ကြည့်ရင်းက

"လိ...မင်းရူးနေလား.... ငါအဲ့လိုသွားမေးပြီး.... ဒင်းကိုလုပ်ကြံပါပီတဲ့..... တရားခံကငါမှန်း သိသာနေမှာပေါ့.... စောက်ရူးရ"

"ဟား....ဟား..... ကားနဲ့နောက်ကတိုက်သတ်မယ်ဆိုတဲ့ လမ်းပိုင်သခင်ကြီးက ဒါတော့်ကြောက်တယ်ပေါ့........"

"ဟြောင့်... ပြောင်မနေနဲ့..... ငါတကယ်တင်းနေတာနော်.. သွားကွာ...မင်းအခန်းပြန်တော့်..... ထမင်းချက်ထားအုံး... ငါဘာမှမစားရသေးဘူး..... လာစားမယ်..............."

အဖြုကောင်ကို ရှာမတွေ့လို့ ထွက်နေတဲ့ ဒေါသတွေနဲ့ ပြည့်စုံကို မောင်းထုတ်ပြီး အခန်းထဲဝင်လာခဲ့သည်။

ဟုတ်တယ်ဗျာ။ စဥ်းစားကြည့်။ တစ်ညနေလုံး လိုက်ရှာတာ မတွေ့ဘူး။ တခြားလူတွေဘဲတွေ့တယ်။ ဒင်းကြောင့် အကုသိုလ် အလုပ်တွေ လုပ်နေရတာနဲ့ ပုံမှန်သွားနေကြ ကလေးတွေဆီကို မရောက်လိုက်ရဘူး။ မျှော်နေကြမှာဗျာ.................

ရေချိုးခန်းထဲက ရေပန်းကိုအဆုံးထိဖွင့်ချလိုက်ရင်း အဖြူကောင်ကို မေတ္တာပို့လိုက်သေး သည်။ မင်း ငါ့လမ်းပေါ်တက်လာတဲ့တနေ့ တွေ့မယ်။..............

.............................vvvvvvvvvvv............................

ထိုနေ့ညနေပိုင်း+++++++

ထူးထူးခြားခြားဗျာ။ ဒီနေ့ညနေပိုင်း ရှိုင်းတို့ အဖွဲ့စိပ်ကို နားခွင့်ပေးသည်တဲ့။ ပျော်တာဆိုတာ အလွန်ဘဲ။ မနားရတာကြာပီဗျ။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now