အပိုင်း(၄၈)

1.7K 148 225
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl  story ............အပိုင်း(၄၈).......

နှစ်ဆန်းတစ်ရက်နေ့ရဲ့ မနက်ခင်းလေးက ရှိုင်းအတွက် အဓိပ္ပါယ်ရှိစွာဖြင့် နိုးထလာခဲ့ရသည်။

အူးသေးသေးလေးက ရှိုင်းရဲ့ ရင်ခွင်ထဲမှာ အိပ်မောကျနေဆဲ။
အူးရဲ့ ခန္ဓာကိုယ် လုံးလုံးလေးကို ခပ်တင်းတင်း ဖက်ထားရင်း တစိမ့်စိမ့် ကြည့်နေမိသည်။

ဒီလူသားလေးဟာ အိပ်တာတောင် တခြားသူတွေလိုမဟုတ်။
ရင်ခွင်ထဲအိပ်တယ်ဆိုပေမယ့် တကယ့်တကယ်က ရှိုင်းရဲ့ ရင်ဘတ်အပေါ်မှာ ခေါင်းအုံးအိပ်တာမျိုးပါ။
ကလေးပေါက်စလေးတွေ သူတို့မိဘတွေကိုယ်ပေါ်မှာ ကပ်အိပ်နေတာမျိုးပေါ့။
တကယ့် ကလေးလေးကျလို့။

အူးက အမြဲ အဲ့လိုချည်းဘဲ။
သူလိုချင်တာ၊ ရချင်တာ၊ လုပ်ချင်တာရှိရင် ရှိုင်းရင်ခွင်ထဲ တိုးဝင်ပြီး ရှိုင်းရဲ့မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်မကျန် ထိုးထိုးနမ်းပြီး ချွဲတော့တာပါဘဲ။

ထိုးနမ်းတယ်လို့ပြောရတာက ပုံမှန် လူတွေနမ်းသလိုမဟုတ်လို့ပါ။ နွားပေါက်စလေးတွေ သူ့အမေနွားမကြီးကို နှာခေါင်းနဲ့ ထိုးထိုးနေတာမျိုး တွေ့ဖူးကြမည် ထင်သည်။
အဲ့ဒီလိုဘဲ ရှိုင်းကိုနမ်းတာလဲ ရိုးရိုးမဟုတ်ဘဲ ခေါင်းနဲ့တိုးတိုးဝင်ပြီး နမ်းတာမျိုးပါ။

"ဘာလေးလဲကွာ...ဘယ်လိုတွေနမ်းနေတာလဲ... နွားပေါက်လေး ကျနေတာဘဲ....''လို့များပြောလိုက်ရင် ''အာ့ဆို... မချစ်ဘူးလားပြော..''ဆိုပြီး နှုတ်ခမ်းဆူလာတော့တာပါဘဲ။

ဒီလိုအချိန်မျိုးမှာဆို ဌာနဆိုင်ရာ အရာရှိလေးရဲ့ ပုံစံတွေအကုန်ပျောက်ပြီး ကလေးလေးလို ချစ်စရာကောင်းသွားတော့တာ။

အခုလဲ အူးအိပ်နေတာလေးကို ကြည့်ပြီး ရှိုင်း ချစ်မြတ်နိုးစွာဖြင့် ပြုံးမိနေသည်။
ညက ရှိုင်းကြောင့် အရမ်း လန့်သွားသည့်အတွက် စိတ်မကောင်းဖြစ်ရသလို ရှိုင်းရဲ့ သွေးသားဆန္ဒကို ဖြည့်ဆည်းဖို့ရာ သူတတ်နိုင်သမျှ ကြိုးစားပမ်းစား လုပ်ပေးခဲ့သည့်အတွက်လဲ အချစ်ပိုရပြန်သည်။

အိပ်ယာဘေးက ဖုန်းကိုလှမ်းယူပြီး အချိန်ကိုကြည့်လိုက်တော့ ၇နာရီခွဲ။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now