သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၃)

1.7K 203 98
                                    

.................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
.................................အပိုင်း(၂၃).........................

"လာခဲ့..... လူကြီးသေးသေးလေး...''

ရှိုင်းကိုဖက်တွယ်ထားသည့် လူကြီးလေးကို အကြမ်းအရမ်းဆန်ဆန် ဆွဲဖက်ပစ်လိုက်သည်။
ခဗျားကြီး.... နာဖို့သာပြင်ထား.....။

"တင်း...တောင်........
တင်း.....တောင်......''

ရုတ်တရက် ထွက်ပေါ်လာသည့် အိမ်ရှေ့မှ လူခေါ်ဘဲလ် တီးသံကြောင့် စိတ်ရှုပ်သွားမိသည်။

ကျွတ်.... ဘယ်သူလဲကွာ... စောစောစီးစီး...။
ဟိုလူကြီး ကိုပြည့်စုံဘဲနေမှာ...။
အဲ့လူကြီးကအမြဲ ဒီလိုချည်းဘဲ...။
သာသနာဖျက်ကြီးပါဗျာ....။

တော်ပီ... လုံးဝဖွင့်မပေးဘူး......
ဒီမှာ ကောင်းခန်းရောက်နေပါပြီဆိုမှ....

ရှိုင်း ဘဲလ်တီးသံကို မကြားချင်ယောင်ဆောင်ပြီး ခရီးဆက်ဖို့ ပြင်လိုက်သည်။ ရင်ခွင်ထဲမှ လူသားလေးက မျက်လုံးမှိတ်နေဆဲ။ ဘဲလ်သံကို မကြားချင်ယောင်ဆောင်နေတာလားမသိ။
အသည်းယားစရာလေး။ ကိုက်စားချင်လာပြီကွာ။

"တင်း....တောင်....
တင်း.....တောင်....''

ဟာ.... ထပ်တီးပြန်ပြီ...အေး...အဲ့မှာ တီးနေလိုက်
ငါလဲ... တီးလိုက်အုံးမယ်ဟေ့...။

ရုတ်တရက်....

"ရှိုင်းဝဏ္ဏ...
ဟေ့..... ရှိုင်းဝဏ္ဏ.... တံခါးဖွင့်စမ်း... နင်ဒီအထဲမှာရှိနေတာ... သိတယ်နော်.... ခုချက်ချင်းလာဖွင့်...''

မေမေ.. ရှိုင်း..မေမေရဲ့အသံ။
မေမေလိုက်လာတာလား။
ညကကိစ္စကို အခုလို ချက်ချင်းကြီး လိုက်လာတာဘဲ။

ဘာတွေဖြစ်ကုန်မလဲမသိတော့။ တံခါးဖွင့်ရမလား.... မဖွင့်ပေးရဘူးလားလဲ မသိတော့။

ရှိုင်း ဘာဆက်လုပ်ရမလဲ တွေဝေနေတုန်းမှာဘဲ
ရှိုင်း ရင်ခွင်ထဲက လူကြီးလေးဆီမှ အသံထွက်လာသည်။

"ဖွင့်ပေးလိုက်.... အဖြူလေး.... မင်းငါ့ကိုချစ်ရင်... သတ္တိရှိရှိ ရင်ဆိုင်လိုက်.... ငါလဲမင်းကိုချစ်တယ်.....ငါ ရင်ဆိုင်ရဲတယ်...''

ဦးရဲ့ စကားလေး တစ်ခွန်းက ရှိုင်းအတွက် ဘာနဲ့မှ မလဲနိုင်တဲ့ သတ္တိဖြည့်ဆေးတစ်ခွက်ပါဘဲ။
ချစ်တယ်တဲ့... ရင်ဆိုင်ရဲတယ်တဲ့....။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now