သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၀)

1.6K 149 55
                                    

...............သစ္စာဖြင့်ဖန်တီးသော...............real bl  story
.................................အပိုင်း(၃၀)........................

"တော်ပြီလေကွာ....ဒီနားမှာရပ်တော့... ငါလမ်းလျောက်သွားလိုက်တော့မယ်..''

"ဟာ... ရောက်တော့မှာကို... ဘာလမ်းလျောက်ရမှာလဲ... အထဲထိပို့ပေးမယ်...''

"အာ... မလုပ်နဲ့အဖြူရ.. ရုံးအဖွဲ့က မင်းလိုက်ပို့တာသိရင်.. ငါ့ကိုဝိုင်းပြီးမထိတထိတွေလုပ်ကြအုံးမှာဟ... ငါရှက်တယ်...''

"အူးကလဲ... ဘာရှက်စရာရှိလို့လဲ... သားတို့အကြောင်းကို သူတို့တွေ... သိနေပြီးသားဘဲဟာ...''

"မလုပ်နဲ့အဖြူ.....ငါကရုံးမှာအရာရှိကွ... သိသာသိစေ.. မမြင်စေနဲ့ဆိုတာလိုပေါ့... မလိုအပ်တာတွေမလုပ်နဲ့ကွာ.. ငါ့ဖက်ကို နဲနဲကြည့်ပေးအုံး.... နော်... လိမ္မာတယ်... ရပ်တော့...''

နောက်ကနေ တတွတ်တွတ်နဲ့ တောင်းပန်နေသည့် လေသံလေးကြောင့် ရှိုင်းရဲ့စိတ်ကို အရည်ပျော်သွားစေခဲ့သည်။

ဟုတ်ပါတယ်လေ..။ ရှိုင်းချစ်ရတဲ့ လူကြီးလေးက ဌာနဆိုင်ရာ အရာရှိတစ်ယောက် ဖြစ်နေပါရက်နဲ့ ရှိုင်းကြောင့် အနေအထိုင်ခက်စေရမယ့် ကိစ္စတွေ အများကြီး ကြုံနေရရှာတာ။

ရှိုင်းရဲ့ ဇွတ်တရွတ် လုပ်တတ်တဲ့ အကျင့်ကြောင့် ဒီလူကြီးလေး ဒုက္ခများခဲ့ရတာတွေ အတော်များနေပါပြီ။

ရှိုင်းရဲ့အချစ်ကြောင့် ဒီလူကြီးသေးသေးလေး ပျော်ရွှင်နေရတာမျိုးဘဲ လိုချင်တာပါလေ။

အူးရဲ့ ရုံးနားရောက်ခါနီး လမ်းကွေ့လေးထိပ်မှာ ရှိုင်း ဆိုင်ကယ်ကို ရပ်ပေးလိုက်သည်။

ဆိုင်ကယ်ရပ်လိုက်သည်နှင့် ရှိုင်းရဲ့ခါးကိုဖက်ထားသည့် လူကြီးလေးက ဆိုင်ကယ်ပေါ်မှ သုတ်ခနဲ ဆင်းသွားသည်။

ပြီးမှ သူ့ ခေါင်းကဦးထုပ်အဖြူလေးကို ချွတ်ပြီး ရှိုင်းကို ပြန်ဆောင်းပေးလာသည်။

မေးသိုင်းကြိုးကို သေချာတပ်ပေးနေသော လူကြီးလေးကို ကြည့်နေရင်း အသဲတွေယားလိုက်တာဗျာ။
ဖက်နမ်းပြစ်လိုက်ချင်ပေမဲ့ လမ်းမအပေါ်မှာကြီးဖြစ်နေလို့ စိတ်ထိန်းထားရသည်။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now