သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၈)

2.1K 232 69
                                    

.................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
.................................အပိုင်း(၁၈).........................

စာရင်းချုပ်လိုက်တော့ ဇွဲရဲ့ ညာဘက်ညှပ်ရိုးတစ်ချောင်းနဲ့ နံရိုးတစ်ချောင်း ကျိုးပါသည်ပေါ့ဗျာ။ ညာဘက်လက်ကို တစ်လလောက် မလှုပ်ရှားရန် ဆရာဝန်ကမှာလေသည်။ ခုမှဒုက္ခ... ။ ဇွဲက ညာသန်ပါဆို။ ညာဘက်လက်မလှုပ်ရှားရတော့ ဘယ်လို လုပ်ရပါ့မလဲ။

အဖြူကောင်တွေ ကောင်းကျိုးကို မပေးပါဘူးဆို။ ဒင်းကြောင့် ကံကောင်းလို့မသေတာ။

အခုလဲ သူ့ကြောင့်ဖြစ်ရတာမို့ အစစအရာရာပြုစုရအောင် အိမ်မှာလာနေပါ့မယ် လုပ်နေပြန်သည်။

ဒင်းကို ယုံရတာမှမဟုတ်တာ။ မဖြစ်ပါဘူး။ ညာဘက်ကလှုပ်မရလဲ ဘယ်ဘက်ရှိနေသေးတာဘဲမဟုတ်လား။

"တော်ပီ...ရတယ်... ငါအရင်လဲတစ်ယောက်ထဲနေနေတာဘဲ... ဖြစ်အောင်နေမယ်.... ဘယ်လက်ကအကောင်းကြီးဟာ... မင်းလာနေစရာမလိုပါဘူး... ပြည့်စုံလဲရှိတာဘဲ... လိုရင်... အဲ့ခွေးသူခိုးကို ခိုင်းမှာပါ့....''

"ဟာ...ဦးကလဲဗျာ... သားကြောင့်ဖြစ်ရတာလေ... သားပြုစုပါရစေ... စိတ်ချ.... မဟုတ်တာဘာမှမလုပ်ဘူး... လုပ်လို့လဲမရပါဘူးဗျာ... ကိုပြည့်စုံကြီးက ရုံးတစ်ဖက်နဲ့... အမြဲ...ဦးအနားမှာကပ်နေနိုင်မှာမှမဟုတ်တာ....''

"အမြဲကပ်နေစရာမလိုပေါင်ဗျာ.... ငါ့ဖာသာမလုပ်နိုင်တဲ့ အချိန်လောက်ဘဲလိုတာ... မင့်ရောဘာထူးလို့လဲ.... အတော်အားနေတာဆိုတော့...''

"အားတယ်.... မအားလဲ..အားအောင်လုပ်မှာ... ဦးအတွက်ဆို.. အလုပ်ပြုတ်သွားလဲဖြစ်တယ်...အလုပ်ပြုတ် ပြီးရင်တော့.... ဦးရှာကျွေးပေါ့...ok...''

မျက်စိတစ်ဖက်ကို မှိတ်ပြရင်း ပြောလာတဲ့ အဖြူကောင်ကို ကြည့်ပြီး ရင်လေးရပြန်သည်။ အမြဲတမ်း အလွဲလွဲအချော်ချော်နဲ့ ဒီကလေး။ အိမ်မှာအတူနေပြီး လာပြုစုရင်လဲ ဘာတွေထပ်ပြီးလွဲအုံးမယ်မသိ။ ဒင်းအလွဲတွေကို ကြောက်လှပါပြီလေ။

အတွေးများဖြင့် အဖြူကောင်ကို စိုက်ကြည့်ရင်း ဇွဲ သက်ပျင်းတစ်ခုကို ချလိုက်မိသည်။

"ဟူး.....''

"ကဲပါဗျာ... ကြာတယ်... အဲ့လိုဘဲလုပ်မယ်လေနော်... သားအလုပ်ကခွင့်နှစ်ပါတ်ယူထားတယ်.... ဒီလောက်ဆို.... ဦးကို.. ဂရုစိုက်လို့ရမှာပါ... မငြင်းနဲ့တော့်...ထပ် ငြင်းနေရင်... ဦးသတိလစ်နေတုန်းက... အဖြူလေးရေဆိုပြီး... အော်အော်နေတဲ့ဟာ... videoရိုက်ထားတာရှိတယ်... ဦးရဲ့.. face book မှာ... tagတွဲပြီးတင်ပစ်မယ်...ပြီးရင်... ဦးရဲ့... ရုံးအဖွဲ့တွေကို... သွားပြပစ်မှာနော်... ဒါဘဲ....''

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now