သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၂)

1.5K 149 91
                                    

..............သစ္စာဖြင့်ဖန်တီးသော...............real bl  story
.........................အပိုင်း(၃၂)..................................

"အား...နာတယ်ဟ... ဖြေးဖြေး...ဟ.... အဲ့အမွှေးကို.. မဆွဲနဲ့လေကွာ...''

"မရဘူး...ဆွဲရမှာဘဲ.... ဟမ်... ခဗျားက ကိုယ့်လင်ကိုယ်တောင်မမှတ်မိနိုင်ရအောင်... မူးနေတာဟုတ်လား... လိုက်ခဲ့...ထ...''

"အား.... လိုက်မယ်... လိုက်မယ်.... ငါ့ညီလေးကစိတ်ချည်းဘဲ... ဖြေးဖြေးဆွဲပါဟ...  နာလို့ပါ...''

"မဖြေးနိုင်ဘူး... ထွက်ခဲ့..ခဗျား....''

စိတ်တိုတိုနဲ့ ဘိုးတော်ပေါက်စရဲ့ မှီတဲ့အမွှေးကို စောင့်ဆွဲပြီး ကားပါကင်ရှိရာသို့ ဆွဲခေါ်လာခဲ့လိုက်သည်။

ရှိုင်းရဲ့ဘေးကနေ တအားအား အော်ပြီး လိုက်လာသည့် ဘိုးတော် ဘယ်လောက်တောင်နာမလဲ သတိမထားမိတော့ဘူး။
နားသယ်မွှေးကို စောင့်ဆွဲခဲ့တာဆိုတော့ အတော်လေးတော့် အီစိမ့်သွားမှာ။

ဒါတောင် ဘိုးတော်က အမူးပြေတာမဟုတ်ဘူး။
သူ့နားထင်ကိုသူသပ်ပြီး ချာတိတ်က အရမ်းကြမ်းတာဘဲ ပြောနေသေးတာပါ။

ရှိုင်းရဲ့ ဆိုင်ကယ်ပေါ် တက်ခွပြီး စက်နှိုးလိုက်သည်။
ဘိုးတော်က ဘေးနားက ကားတစ်စီးကို မှီပြီးရပ်နေရင်းနဲ့ ရှိုင်းကို လိုက်ကြည့်နေလေသည်။

"တက်လေဗျာ.... ဘာကြည့်နေတာလဲ....''

"ဟေ.... ဘယ်ကိုသွားမလို့လဲချာတိတ်ရ....ဟိုတယ်တို့ဘာတို့လို... မဟုတ်တဲ့နေရာတွေမခေါ်ရဘူးနော်.... ကိုယ်... မလိုက်ရဲဘူး.... ကြောက်တယ်... ဟဲ...ဟဲ...''

ကြည့်ကြည့်....အဲဒါမျိုးတွေစိတ်ကုန်တာ။
မူးပြီးပြောချင်ရာတွေလျောက်ပြောနေတော့တာလေ။
ဒီလူကြီးကို နောက်ဆိုရင် တစ်ယောက်ထဲလွှတ်ထားလို့မဖြစ်ပါဘူး။
အရက်မူးသွားရင် ဘာမှမသိတော့ဘူးထင်တယ်ဗျာ။

"ဘယ်မှမဟုတ်တဲ့နေရာမသွားဘူး... ခဗျားအိမ်ကိုသွားမှာ.... တက်စရာရှိတာတက်....''

"အော်... ကိုယ့်အိမ်လား.... ဟား... ချာတိတ်ကသိပ်အတွေးကောင်းတာဘဲ... ဟုတ်တယ်... ကိုယ်တို့လိုအချေအနေနဲ့..... ဟိုတယ်သွားရင်... လူမြင်လို့ဘယ်ကောင်းပါ့မလဲ... ဟုတ်တာပေါ့... တော်တယ်... တော်တယ်.... ကိုယ့်အိမ်က.. ကိုယ်တစ်ယောက်ထဲနေတာ.. လုံဝအေးဆေး... ပြီးတော့.. ဟိုတယ်ထက်တောင်... service စုံသေး....ဟီးဟီး... ကိုယ့်ကုတင်ကြီးကလဲမွှေ့ယာအထူကြီးနဲ့... အိစက်လို့.... ရေမီးအစုံနဲ့ လေထီးခုန်ယုံဘဲ....ဟီးဟီး...''

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now