အပိုင်း(၅၆)😍

1.5K 146 351
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl  story ............အပိုင်း(၅၆).......

ဝဿန်တို့အဖွဲ့ကိုနှုတ်ဆက်ပြီး ရှိုင်းရဲ့အဆောင်ကို ပြန်လာတဲ့လမ်းမှာတော့ ရှိုင်းရဲ့ အူးသေးသေးလေးက အသံတောင်တစ်ချက်မထွက်တော့ဘဲ ငြိမ်လို့နေပါတော့သည်။

အဆောင်ရောက်တော့လဲ ငုတ်တုတ်လေးထိုင်ပြီး အသံတိတ်လို့။
ရုပ်ကလဲ မချိုမချဥ်နဲ့။
အပြစ်လုပ်ထားပြီး အဆူမခံရခင် မျက်နှာချိုသွေးနေတဲ့ရုပ်မျိုး။

ခုနက အဆောင်ထဲဝင်ပြီး သောင်းကျန်းခဲ့တာ သူမဟုတ်တဲ့အတိုင်းဘဲ။

လူကောင်က ရှိုင်းထက်သေးပေမယ့် အတော်အားရှိတဲ့လူကြီးလေး။
ရိုက်ခံလိုက်ရတဲ့ ရှိုင်းရဲ့ပါးလေးတောင် ယောင်လာသလို ထင်ရသည်။

ပြောလိုက်ရင် သူ့အပြင်တည်ငြိမ်တာမရှိဘူး။
သူ့လောက် စဥ်းစားတွေးခေါ်နိုင်တာမရှိဘူး။
သူ့လောက် လူကြီးဆန်တာ၊ ရင့်ကျက်တာမရှိဘူး။

ခုကျတော့ အဲ့လိုရင့်ကျက်မှုကြီးတွေ၊ စဥ်းစားတွေးခေါ်မှုကြီးတွေ ဘယ်ရောက်ကုန်သလဲမသိ။

အချစ်ကြောင့်နေမှာပါ။
အချစ်နဲ့ပါတ်သတ်လာရင် လူတိုင်း ရူးသွားကြတတ်တာဆိုတော့ အူးလဲ ရူးတာနေမှာ။
အူးပိစိလေးလဲ လူထဲကလူသားဘဲဟာ.. ဘယ်ခံနိုင်ပါ့မလဲ။

ဒါပေမဲ့ အူးရဲ့ ရူးသွပ်မှုကတော့ လက်ဖျားခါရလောက်မည်ထင်သည်။
ဟိုးအဝေးကြီးကနေ ကျောင်းအထိ မရ ရအောင်လိုက်လာပြီးမှ ပြဿနာလုပ်ရတာမဟုတ်လား။
တော်ယုံအချစ်ရူးလောက်နဲ့ဘယ်ရမလဲ။

ခုနက အူး သောင်းကျန်းထားသဖြင့် ပွစာကျဲနေသော ရှိုင်းရဲ့ ပစ္စည်းများကို နေရာတကျ ပြန်သိမ်းရသည်။

"ဖယ်... ငါလုပ်ပေးမယ်...''

ရှိုင်းလက်ထဲက ပစ္စည်းတွေကို ဆွဲယူရင်း ပြောလာသည့် အူး။

"နေပါ...သွား.. ခုနကလိုဘဲ ငုတ်တုတ်လေးပြန်ထိုင်နေလိုက်...ok သားဖာသားဘဲ သိမ်းလိုက်မယ်...''

ပြောလိုက်တော့လဲ ခုနကနေရာကို သွားပြန်ထိုင်နေသည်။
ရှိုင်း လုပ်ကိုင်နေသမျှကို မျက်စိဒေါက်ထောင့် လိုက်ကြည့်နေပြန်သည်။
မသိရင် အရုပ်လေးကျလို့။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now