အပိုင်း(၆၅)

1.5K 170 142
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl story ............အပိုင်း(၆၅).......

ဇွဲရဲ့ နှလုံးရောဂါက အရေးပေါ်ခွဲစိတ်ရမည့် အခြေအနေသို့ ရောက်သွားခဲ့သဖြင့် ခွဲစိတ်မှု ပြုလုပ်နိုင်ရန် အစစအရာရာ ပြင်ဆင်ရတော့သည်။

မူလခွဲစိတ်ရန် ချိန်းဆိုပြင်ဆင်ထားသည့်အတိုင်း မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှာဘဲ ခွဲစိတ်ရမည်ဖြစ်သဖြင့် ရန်ကုန်မှ မန္တလေးသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြသည်။

သြစတေးလျနိုင်ငံမှ နှလုံးခွဲစိတ်ဆရာဝန်များ ချစ်ကြည်ရေးနှင့် ဆေးပညာမျှဝေခြင်း အစီအစဥ်နှင့် ကြုံကြိုက်နေတာလဲပါသဖြင့် မန္တလေးတွင် ခွဲစိတ်ရန် စီစဥ်ခဲ့ကြခြင်းပါ။

ဆေးရုံတက်ရတဲ့ တစ်လအတွင်း ခွဲစိတ်မှုအောင်မြင်စွာ ပြီးဆုံးခဲ့သလို ဆေးရုံဆင်းခဲ့ပြီး ဆေးခွင့်နဲ့ နောက်ထပ်တစ်လ အနားယူခဲ့ရလို့ ဇွဲရဲ့ကျန်းမာရေးလဲ အတော်အသင့် ပြန်လည်ကောင်းမွန်လာခဲ့ပါပြီ။

မကောင်းလာတာကတော့ စိတ်ပါဘဲ။
ဒီနှစ်လလုံးလုံး အသက်မရှိ၊ ခံစားချက်မရှိတဲ့ လူတစ်ယောက်လို ရှင်သန်ခဲ့ရတာလေ။

ဘယ်သူ့ကြောင့် ဖြစ်ရမှာလဲဗျာ။
အဖြူကြောင့်ပေါ့။

ဒီနှစ်လအတွင်း အဖြူဘာတွေလုပ်ပြီး ဘယ်လိုနေနေသလဲ ဇွဲမသိရပါဘူး။
ဇွဲကို ဖုန်းဆက်မလာသလို၊ ဇွဲဘက်ကဆက်တော့လဲ စက်ပိတ်ထားပါသည်ဆိုတာချည်းဘဲ။

ဆေးရုံပေါ်မှာနေရင်းက ဇွဲရဲ့အပေါင်းအသင်းတွေအကူအညီနဲ့ အဖြူအကြောင်း ရသလောက်စုံစမ်းခဲ့ပါသေးသည်။

ဇွဲတို့အတူနေတဲ့ အခန်းမှာ မနေတော့တာ၊ သူ့ရဲ့ တပ်ဖွဲ့ကနေ နှုတ်ထွက်ခွင့် တင်သွားတာနဲ့ သူ့ရွာကအိမ်မှာလဲ ရှိမနေဘူးဆိုတဲ့ အဖြူရဲ့ သတင်းနဲ့အတူ ဟိုကောင် ပြည့်စုံလဲ လစာမဲ့ခွင့် ခြောက်လယူပြီး ပြန်သွားတယ်ဆိုတဲ့ သတင်းတွေကိုသာ ကြားခဲ့ရသည်။

အဖြူက ဇွဲအိမ်မှာလဲမရှိဘူး၊ သူ့အိမ်မှာလဲမရှိဘူး၊ တပ်ဖွဲ့မှာလဲမရှိဘူး။
ပြီးတော့ပြည့်စုံကလဲ ပြန်သွားတယ်ဆိုတော့ သူတို့နှစ်ယောက် အခြေအနေက ဘာလဲ၊ ဘယ်လိုတွေလဲဆိုတာ ဇွဲအတွက် မေးခွန်းတစ်ခု ဖြစ်လာခဲ့ရသည်။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now