သစ္စာဖြင့်ဖန်တီးသော အပိုင်း(၉)

2.3K 271 36
                                    

........................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
...................................အပိုင်း(၉).........................

လက်ထဲကစာအုပ်ကိုပိတ်လိုက်ပြီး အိပ်ယာထဲပစ်လှဲလိုက်သည်။
ဘယ်လိုကြီးခံစားချက်မှန်းမသိ။

"ဘုရား...ဘုရား...ငါရင်တွေခုန်နေတာလား..... ''

ဒေါသတွေရော၊ ကြည်နူးတာတွေရော၊ ရင်ခုန်တာတွေရော ဘာတွေလဲမသိတော့။ ဒါကဘာတွေလဲ။ ဒါဆိုအဖြူကောင်ဇွဲ အနားကို ရောက်ရောက်လာတာက အစီအစဥ်တစ်ခုနဲ့ အကွက်ကျကျ ဖန်းတီးခဲ့တာပေါ့။ ဇွဲကိုတကယ်ချစ်လို့ လုပ်ခဲ့တာတွေက အစီအစဥ်တကျရော၊ အစီအစဥ်ထဲမပါတာရော အရာအားလုံးကို ဇွဲတစ်ယောက်ထဲသာ မသိခဲ့တာ ၊ သူတို့အားလုံးသိနေကြသည်ပေါ့။
ဘာတွေလဲ။ ဘာသဘောလဲ။

"ဟုတ်တယ်.....မင်း..ငါ့အနားကို ရောက်ရောက်လာတိုင်း... ငါရင်ခုန်ခဲ့ရတယ်... ဒါပေမဲ့...ငါ့နောက်ကွယ်မှာ... ငါ့ကိုအရူးကွက်နင်းတာ လုံးဝမကျေနပ်ဘူး.... တွေ့မယ်... အဖြူကောင်.... တွေ့မယ်....''

ဒင်းအခုချိန်ဘယ်မှာရှိမလဲ။ ရှုပ်ပါတယ်ကွာ။ ဖုန်းဆက်ကြည့်မယ်။
ဖုန်းကိုလှမ်းယူကြည့်လိုက်တော့ အဖြူကောင်ရဲ့ Miss call များကိုတွေ့ရသည်။

8 miss callတဲ့။ ဘာတွေအရူးလုပ်ဖို့ အဲ့လောက်အလျှင်လိုနေ ပြန်တာလဲမသိ။ ဘုရားရှိခိုးတုန်းက silentလုပ်ထားမိခဲ့တာကြောင့် ဖုန်းခေါ်တာ မသိလိုက်။

ဖုန်းပြန်ခေါ်မည်အလုပ် ဒင်းဆီကဖုန်း call က ပြန်ဝင်လာလေသည်။

"ခဗျားဘာတွေလုပ်နေတာလဲ.....ဘာလို့ဖုန်းမကိုင်တာလဲ..... ကျုပ်စိတ်ပူလို့သေတော့်မယ် သိလား..ဟင်...ခဗျားဗျာ....
ပြောစမ်းပါ....ဘယ်မှာလဲခု... ဘာလုပ်နေတာလဲ ဦးဇွဲ"

"အိမ်မှာ..............တရားထိုင်နေတာ.... "

သြော် သြော် ကောင်းလိုက်တာ။ ဒီကကောင်က အပူတွေမီးတောက် ပြီး ပြာယာခတ်လို့၊ အဖိုးအိုပေါက်စက ဘုရားဖြစ်မယ့်အုတ်နီခဲ လမ်းစဥ်မှာ အေးချမ်းနေလေရဲ့။ သာယာပေစွ။ ဘာဘဲဖြစ်ဖြစ် သူအန္တရာယ်ကင်းမှန်းသိရတော့် ရှိုင်းရင်ထဲကအပူလုံးကအခုမှဘဲ ကျသွားနိုင်သည်။

"3J/......ကား အက်ဆီးဒင့်ဖြစ်တယ်လို့သတင်းပို့လာလို့... ခဗျားလားဆိုပြီးစိတ်ပူလိုက်ရတာဗျာ...."

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now