အပိုင်း(၅၉)

1.3K 149 547
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl  story ............အပိုင်း(၅၉).......

"အူး.... ဒီနေ့ည.. သားမက်အဖြစ်လက်ခံတဲ့.. အထိမ်းအမှတ်ပွဲလေး.. လုပ်ကြမလား...''

".....''

"အူး....အူးလို့...သားခေါ်နေတယ်လေဗျာ...''

"ဘာဒုန်း...''

"ဟဲ... သားမက်သစ်.. လက်ခံပွဲလေး.. လုပ်ရအောင်လို့...ဟဲ..ဟဲ..''

ကားမောင်းနေတဲ့အူးက မျက်မှောင်ကျုံ့လျက် ရှိုင်းကိုတစ်ချက် ငဲ့ကြည့်သည်။

"မောင်ရင်က... အချိန်ပြည့်.. တဏှာထဖို့ဘဲတွေးနေတာကိုး..''

ကြည့်...ဒီလူကြီးဟာလေ... မောင်ရှိုင်းကို ဘယ်တော့မှ အကောင်းမမြင်ဘူး။
အချိန်ပြည့် သူ့ကို တဏှာလိုက်ရူးနေတယ်ဘဲ မှတ်နေတာ။

"အာ... အူးဘာတွေလျောက်ပြောနေတာလဲ... ဖြစ်ချင်တာတွေဇွတ်ပြောမနေနဲ့...''

"မင်းပြောနေတဲ့စကားနဲ့... စပ်ဖြီးဖြီးရုပ်နဲ့က... အဲ့ကိစ္စလို့ထင်ချင်စရာဘဲလေ...''

"ဟာကွာ... ဒီမယ်အူး... အူးကိုအဲ့ဒီကိစ္စအတွက်ချစ်ခဲ့တာမှမဟုတ်တာ... ပြီးတော့လဲ.. တကူးတကအကြောင်းပြပြီးမှ... အဲ့ကိစ္စလုပ်ရမှာလား.. မလိုပါဘူးအူးရာ.... အူးဆိုတာ သားပိုင်တဲ့.. အရသာအပြည့်နဲ့ဝက်သားဟင်းအိုးကြီးလိုဘဲ... ဘယ်အချိန်ထစားစား.. သားဟာဘဲ.. သဘောပေါက်တယ်နော်..''

"လိ... တစ်နေကုန်ကြည်နူးနေတဲ့စိတ်လေးတွေ... မေတ္တာတုံးအောင်လာမလုပ်နဲ့နော်.. စကားကိုဆင်ခြင်... ဟိုနေ့ကရိုက်တာ... ပါးတစ်ခြမ်းကျန်သေးတယ်... သိတယ်နော်...''

အိ.. ဒီလူကြီးကတကယ်လုပ်မယ့်ရုပ်ကြီး။

"သိတယ်...သိတယ်... စတာပါအူးရ.. သားပြောတာက.. ဒီည.. မန်းလေးမှာ.. ကဲကြမလားလို့ပြောတာ... အမှတ်တရလေးပေါ့... ကလပ်ဖြစ်ဖြစ်.. KTVဖြစ်ဖြစ်.. သွားကြမယ်လေ.. နော်.. သီချင်းလေးဘာလေးလဲဆိုရင်းပေါ့...''

"အူးပြင်ထားပြီးပြီ...''

"ဟင်... ဟုတ်လား... တကယ်ကြီး...''

"တကယ်လေ... အူးတို့နှစ်ယောက်ထဲတော့မဟုတ်ဘူး.. မန်းလေးမှာ.. သကြ်န်တုန်းကအူးနဲ့အတူရှိနေတဲ့အဖွဲ့တွေလေ.. ချာတိတ်သိတယ်မဟုတ်လား... သူတို့ကိုပါခေါ်ထားတယ်.. Sing Soundမှာ... ပွဲလုပ်ပေးမလို့လေ... မောင်ရင့်အတွက်အောင်ပွဲပေါ့.''

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now