သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၄)

1.7K 200 131
                                    

..................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
.................................အပိုင်း(၂၄)..................................

"ဇာတ်လမ်းကတော့ ဒါဘဲ ပြည့်စုံ... ကိုင်း.. ဘာသိချင်သေးတုန်း''

"ဒါဆို....အဖြူလေးက...အခုသူ့အိမ်မှာပေါ့....''

"အေးလေ.....''

သူ့တို့အကြောင်းကိုပြန်
ပြောပြနေသည့်ပုံစံက ဘာမှမဖြစ်သလို အေးအေးဆေးဆေးရုပ်နဲ့။ ဒီကောင်စိတ်များဖောက်သွားတာလား။ အဖြူကိုသူ့အိမ်ကပြန်ခေါ်သွားတာ... သူ့အိမ်ကသူတို့အကြောင်းသိသွားတာ တကယ့်ပြဿနာကြီးမဟုတ်ဘူးလား။

ငဇွဲကတော့ တည်တည်ငြိမ်ငြိမ်ကြီးနဲ့ပါလားဟ။
ဘယ်လိုကောင်တွေပါလိမ့်။ ကိုယ်တောင်မျက်စိလည်နေပြီ။

"အေး... မင်းပြောပုံအရ... ဘွားတော်က... တော်တော်လွန်တယ်ကွ... ဒီလောက်ကြီးထိပြောစရာလိုသလားကွာ..''

"ငါတို့တွေလို lgbt ကို လက်သင့်ခံနိုင်တဲ့လူတွေအမြင်မှာတော့.. လွန်တယ်ထင်တာပေါ့ကွာ... တယ်တော့မလွန်ပါဘူး... သူလဲသူ့သားကို... ဒီလိုပါလို့... ဘယ်ထင်ထားမိမလဲ... ရုတ်တရက်ကြီး... အဖြူကဝန်ခံပြစ်လိုက်တော့... ရှော့စ်ရသွားတာလဲပါမှာပါ... ငါနားလည်ပေးလိုက်ပါတယ်ကွာ... ဘယ်မိဘမဆို.. ကိုယ့်သား... လိင်တူချစ်ပါတယ်၊ gayဖြစ်နေတာပါဆိုတာကို... ချက်ခြင်းလက်သင့်ဘယ်ခံပါ့မလဲ... သားမွေးထားတာ... အခြောက်မွေးထားတာမဟုတ်ဘူးဆိုတဲ့စိတ်ခံစားချက်.. သူတို့ပါတ်ဝန်းကျင်မှာ... အရှက်ကွဲရတော့မယ်ဆိုတဲ့ခံစားချက်တွေ... ငါကောင်းကောင်းကြီး.. သဘောပေါက်တယ်..ယောက်ဖရ...... ပြောပါစေကွာ... ငါ့အသားပဲ့ပါသွားတာမှမဟုတ်တာ... ဒီဘဝမှာ ဒီလိုဖြစ်တည်မှုကို... ရထားပြီးမှတော့... ဒီလောက်တော့ခံရမှာပေါ့ကွာ....''

"အမလေးဗျာ... ဘုရားတရားသမားကြီးကိုး... အတော်ကိုသည်းခံအားတွေကောင်းနေတာပေါ့... ဒါပေမဲ့ကွာ... ဒီလောက်ထိပြောဆိုခံပြီးမှတော့... အဖြူလေးကို.. ပြန်မထည့်ပေးဘဲနေလိုက်ရမှာကွ... တစ်ခါထဲအပိုင်သိမ်းထားလိုက်''

"အာ.... အဲဒါပိုဆိုးတယ်လေကွာ... ငါအဖြူကောင်နေရာကနေ.. ဝင်ပြီးစဥ်းစားပေးလိုက်တာကွ... တစ်ဖက်ကသူ့မိဘ... တစ်ဖက်ကငါ... သူရွေးချယ်ရခက်နေမှာဘဲလေ... ပြီးတော့လောလောဆယ်မှာက... ငါကပျော်ရွှင်နေရပြီး... သူ့မိဘက.. သူ့ကြောင့်စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေရတာ... ဘယ်တရားပါ့မလဲ... မိဘမျက်ရည်ကြစေတဲ့သားသမီးက... ဘယ်တော့မှမကောင်းစားဘူးကွ... အဲ့လိုအပူတွေကြားထဲကနေလဲ .. ငါသူ့ကိုမပိုင်ဆိုင်ချင်ဘူး... လက်သင့်မခံပေးနိုင်ရင်တောင်... သွေးပူနေချိန်မှာ.. ပြဿနာကို.. ပိုမကြီးသွားအောင်...ငါ.. ဆုံးဖြတ်ပေးလိုက်တာ... အချိန်နဲနဲယူပြီးအဖြေတစ်ခုထွက်လာအောင် လုပ်ရမှာပေါ့ကွာ... ငါ.. အဖြူကောင်ကိုယုံတယ်.... သူငါ့ကိုတကယ်ချစ်ရင်... သူ့အချစ်တကယ်မှန်ရင်... ပြေလည်အောင်သူကြိုးစားပါစေကွာ... ငါ.. ဒီနေရာကနေဘဲ... သူပြန်လာမယ့်အချိန်ကို... စောင့်နေလိုက်တော့မယ်..''

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now