သစ္စာဖြင့်ဖန်တီးသော အပိုင်း(၈)

2.3K 280 50
                                    

...................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
...................................အပိုင်း(၈)..................................
Day-2
မြို့လုံးကျွတ် သံဃာ့ဒါနဆွမ်းလောင်းပွဲ လမ်းရှင်းနဲ့ ရှေ့ပြေးတာဝန်ကျတယ်။ ဦးကိုထပ်တွေ့ပြန်ပီ။ လမ်းဦးစီးဌာန မိသားစု ဆွမ်းလောင်း အဖွဲ့ရှေ့မှာ အရာရှိသေးသေးလေးက စတစ်အဖြူနဲ့ မွန်ပုဆိုးအနီလေးနဲ့ လူကြားထဲမှာ ထင်းနေတာဘဲ။ ဆွမ်းဇလုံကြီးပိုက်ထားတဲ့ဦး ရှေ့က ဖြတ်သွားရတာ ရင်တွေခုန်လိုက်တာ။ အသဲယားလိုက်တာ ဖြူလုံးလုံးလေးရေ။

Day-3
"ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လှုပ်ရှားမှု ရက်သတ္တပါတ်'' အတွက် လမ်းဦးစီးဌာန ကဦးဆောင်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ရမယ်လို့ အမိန့်ရတယ်။ ဦးကိုတွေ့ရပြန်ပီ။ ကျွန်တော်အရမ်းသဘောကြတဲ့ ယူနီဖောင်းအပြည့်အစုံနဲ့ ကျွန်တော့်ရဲ့ ပုလုံးလုံးလေး။ ယာဥ်စည်းကမ်းနဲ့ဆိုင်တဲ့ လက်ကမ်းစာစောင်တွေကို ဆိုင်ကယ်တွေ၊ ကားတွေကို ဦးက ဝေပေးဖို့လုပ်တော့ အဲ့ဒီကားတွေဆိုင်ကယ်တွေကို ကျွန်တော်တားပေးခဲ့ရတာဗျ။ ပျော်လိုက်တာဗျာ။ ကျွန်တော်ကတားပေးလိုက် ဦးကစာစောင်လေးတွေပေးလိုက်နဲ့။
ပွဲပြီးပြန်မယ်လုပ်တော့ ဦးရဲ့ရုံးအဖွဲ့ကို လှမ်းပြောလိုက်တဲ့စကားလေး သဘောကျလိုက်တာ......ဘာတဲ့....
"ယာဥ်ထိန်းက ကလေးတွေကိုပါ နေ့လည်စာ...ကျွေးလိုက်တဲ့....''
ဟုတ်တယ်... ကျွန်တော်က ကလေးပါ.... ဦးရဲ့ကလေးလေးဖြစ်ချင် လိုက်တာဗျာ။..

Day-4
သုံးကြိမ်သုံးခါ တွေ့ခဲ့ပြီးပြီ။ ဒါရေစက်ဘဲဦးရေ။ ကျွန်တော် ဦးကို လက်ခံလိုက်ပြီ။ ဦးကိုမြင်တိုင်း ကျွန်တော်ရင်ခုန်နေခဲ့တာ။ ဦးက ကျွန်တော့်ရဲ့ ဖူးစာဘဲ။ သေချာတယ်။ အဲဒီတော့ ဦးရဲ့အနား ကျွန်တော်အမြဲရှိနေဖို့ ကြိုးစားရတော့မယ်။ ဦးအချစ်ကိုရအောင်ယူမယ်။ ဖူးစာဆိုတာ ဦးရာလူဘဲလေဗျာ။ ကဲ...လက်ဦးမှုရအောင်ယူပစ်မယ်။ ကျွန်တော် ကိုပြည့်စုံနဲ့ ခင်မင်မှုကို ဒီနေရာမှာ ကောင်းကောင်း အသုံးချရတော့မယ်။ ကိုပြည့်စုံက ဦးရဲ့ တစ်ရုံးထဲ သူငယ်ချင်း ဖြစ်နေတာ ကျွန်တော့်အတွက် မဟာကံကောင်းခြင်းပေါ့ဗျာ။.....

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now