အပိုင်း(၄၉)

1.6K 151 366
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl  story ............အပိုင်း(၄၉).......

ရုံးခန်းထဲကို တံခါးမခေါက် ဘာမခါက်ဖြင့် ဝင်လာသည့် အဖြူကောင်။
ယူနီဖောင်းအဖြူနဲ့ဆို အမြဲကြည့်ကောင်းတတ်သည့် အဖြူကောင်ဟာ ဒီတစ်ခါမှာတော့ လမ်းလျောက်ပုံ မြောက်ကြွကြွ၊ ရုပ်က စပ်ဖြီးဖြီး အောင်နိုင်သူရုပ်ဖြင့် အတော်အမြင်ကတ်စရာကောင်းနေသည်။

ဇွဲရဲ့ စားပွဲအရှေ့မှ ခုံတွင် ဝင်ထိုင်လိုက်ပြီး လက်ထဲက စာအိတ်ကို ယမ်းခါပြနေသည်။
ဒီကောင်ဟာ ဒေါင့်မကျိုးပါဘူးဆို။

"ဘာလဲ... ရုံးကိုခနခနမလာနဲ့လို့ ပြောထားတာ မမှတ်မိဘူးလား.... မင်းတစ်ခါလာတိုင်း... ရုံးက ကလေးမတွေက... ငါ့ကို ဘယ်လိုတွေကြည့်သလဲ သိသလား... ခွေးကောင်..''

"မလာပါဘူးအူးရာ... ခုဟာကလဲ... ပျော်လွန်းလို့.. အူးကိုပါ ပျော်စေချင်လို့... သားမအားတဲ့ကြားထဲက... အပြေးလာခဲ့ရတာ..''

ခပ်ငေါက်ငေါက်ပြောလိုက်တဲ့ ဇွဲရဲ့စကားကြောင့် အဖြူက ချက်ချင်း မျက်နှာကို ညှိုးချသွားပြီး ပြန်ပြောလာသည်။

"ပြော... ဘာကိစ္စပျော်လာတာတုံး... ဘာလဲ.. မင်းဒီနေ့ ဆိုင်ကယ်တွေအများကြီးဖမ်းရလို့လား.. အာ့ဆိုလဲပေး.. ပိုက်ဆံ... ဒီလအတွက်အသုံးစရိတ်မရှိတော့ဘူး.. မင်းရောက်လာကတည်းက ငါ့ပိုက်ဆံတွေဖြုန်းနေတာကြာပီ... ငါဖာသာငါဆို အဲ့လောက်မကုန်ဘူး...''

"ဟာ.... အူးကလဲ... ပြောချင်ရာတွေလျောက်ပြောနေပြန်ပါပြီ... ဆိုင်ကယ်ဖမ်းတိုင်းပိုက်ဆံရတယ်များထင်နေတာလားမသိဘူး... ရတယ်အသုံးစရိတ်ပေးမယ်... သားလစာထုတ်ရင်ယူလိုက်... ခုတော့မရှိသေးဘူး...''

"အမလေးဗျာ... လစာတော့မယူပါရစေနဲ့... တော်ကြာခဗျားအမေကြီး... ကျုပ်ကို.. လာပြီး... လှန်ပွတ်နေမှဖြင့်..''

"အာ... ညစ်တီးညစ်စုတ်တွေ.. ဘာတွေလဲဗျာ...''

"ဟ.. ဘာညစ်စုတ်ရမှာလဲ... ငါက လက်ဝါးနဲ့လှန်ပွတ်တာပြောတာ... မင်းဖာသာ.. မြင်ချင်ရာမြင်နေတာ..''

"ကျွတ်စ်.....''

အဖြူကောင်က စိတ်မရှည်တော့သည့် ပုံစံဖြင့် ကျွတ်ခနဲ တစ်ချက် စုပ်သတ်လိုက်သည်။
ပြီးမှ ဇွဲရဲ့ စားပွဲပေါ် သူ့လက်ထဲက စာအိတ်ကို ပစ်ချလိုက်သည်။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now