အပိုင်း(၅၁)

1.4K 153 332
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl story ............အပိုင်း(၅၁).......

ဒီနေ့ ရှိုင်းက ပန်းညိုအဝိုင်းပါတ် ဂျူတီ။
နေ့လည် ထမင်းစားနားခါနီး ကိုပြည့်စုံက ဖုန်းဆက်လာသည်။
ရှိုင်း ပန်းညိုအဝိုင်းမှာဆိုတော့ ရွှေလယ်တောမှာ ဖက်ထမင်း စားရအောင်ဟု ဆိုသည်။

အတူတာဝန်ကျ ဆရာကြီးတွေကို ခွင့်တောင်းပြီး ပန်းညိုအဝိုင်းမှ သိပ်မဝေးသည့် ရွှေလယ်တောဆိုင်ကို ထွက်လာခဲ့လိုက်သည်။
ဒီဆိုင်က ဖက်ထမင်း နာမည်ကြီးလှသည်။
အူးနဲ့အတူတူ တစ်ခါလောက် လာစားရအုံးမည်။

ရှိုင်းရောက်ပြီး သိပ်မကြာ ကိုပြည့်စုံ ရောက်လာသည်။
ခုံမှာတောင် မထိုင်ရသေး ကိုပြည့်စုံက စပ်ဖြီးဖြီး လေသံနဲ့ စကားစလာသည်။

"ငရှိုင်း.. မင်းဘိုးတော်တော့... ပလာစတာနှစ်ခု လည်ပင်းကပ်ပြီး... ချီးမှန်ထားတဲ့မျက်ခွက်နဲ့... ရုံးကြီးကိုသွားလေရဲ့... ဟေဟေ့...''

"ဟဲ... မပြောပါနဲ့ဗျာ... အဲ့ကိစ္စနဲ့ မနက်ကလဲ.. ညိုသကြီးကို ဖိနပ်နဲ့စောင့်ကန်ခံရပီးပီဗျ... လမ်းလျောက်တာတောင်.. ထော့နဲ့နဲ့ဖြစ်နေလို့... ဆရာကြီးတွေက ဝိုင်းစနေတာ... ငါ့တပည့် အလွန်အကျွံတွေမလုပ်နဲ့... လျော့အုံးတဲ့...''

"မင်းတို့နှစ်ယောက်က.. လိုက်လဲလိုက်ပါပေတယ်... ကံတရားကဘယ်လိုတွေတောင်... တွဲပေးထားတယ်မသိဘူး... ဟား..ဟား...''

ကိုပြည့်စုံက ရှိုင်းကိုကြည့်ပြီး တဟားဟားရီနေပြန်သည်။

"ငါမနက်က.. ရုံးမှာအဲ့ကောင်ကို သွားစတော့...လိုက်လုပ်လို့ပြေးရသေးတာကွ... လမ်းလျောက်နေတာ.. ကွတကွတနဲ့ဆိုတော့... မင်းဘာဖြစ်နေတာလဲ... လမ်းလျောက်တဲ့ပုံစံက ဘဲသွား သွားနေတာလို့.. ပြောလို့တဲ့ဟေ့... ''

"ကိုပြည့်စုံကမှ... တော်ပါသေးတယ်ဗျာ... ကျွန်တော့်မှာ ဖိနပ်နဲ့လဲအကန်ခံရသေးတယ်... Ficတွေထဲကလို ကလေးလေးမွေးလာရင်ကောင်းမှာဘဲလို့ ပြောတာကို ဘာပြန်ပြောသလဲသိလား... စိတ်ကူးယဉ်ပြီး ရေးထားတာတွေလာလာမပြောစမ်းနဲ့တဲ့... Ficထဲကအတိုင်းသာဆို... မင်းတောင်တစ်ညလုံး အချီချီလုပ်နိုင်သလားတဲ့... နှစ်ချီလောက်လုပ်ပြီး...ဟောဟဲလိုက် ဒူးချောင်ပြီး မျော့သွားတဲ့အကောင်တဲ့လေ... ကဲ....''

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now