အပိုင်း(၅၅)

1.3K 155 429
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl  story ............အပိုင်း(၅၅).......

"ညီမတို့..... အကိုခနထိုင်မယ်နော်...''

"ရှင်.... အော်... ဟုတ်.. ထိုင်ပါရှင့် ထိုင်ပါ...''

အသံတစာစာနဲ့ ရီလိုက်ကြ၊ စားလိုက်ကြ လုပ်နေတဲ့ ကလေးမတစ်သိုက်က ရုတ်တရက် ရောက်လာသည့် ဇွဲကြောင့် ခနတာငြိမ်သွားသည်။

"ဟို... ဒီလိုပါ... အကိုအကူအညီတစ်ခုလောက်... တောင်းချင်လို့ပါ..''

"ရှင်... အဲတာတော့မကူညီဘူးနော်... ဒါမျိုးတွေရိုးနေပြီ...''

"အေးလေ... ခြေကောင်းလက်ကောင်းကြီးနဲ့ဘဲဟာ... လုပ်စားလို့ရတာဘဲ... မထည့်နိုင်ပါဘူး... ကန်တော့ပါသေးရဲ့ရှင်..''

"ဟုပ....ရုပ်လေးသနားကမားနဲ့ဟယ်..''

ခွီး......
ဇွဲတောင်ဘာမှမပြောရသေးဘူး။
တစ်ယောက်တစ်ပေါက်ထင်ကြေးဝိုင်းပေးကြပြီး ကန်တော့ပါသေးရဲ့ လုပ်ကုန်ကြတော့သည်။
ဒီရုပ်က သူတောင်းစားရုပ်ပေါက်သလား သေချာမကြည့်တတ်တဲ့ အစစ်မတွေ။
ဒါကြောင့်လဲ ဒင်းတို့တွေ နေဝင်နေတာ...ဟွန်း။

"ဟာ.... မဟုတ်သေးဘူးလေ... အကိုတောင်ဘာမှမပြောရသေးဘူး... ဘယ်နှယ့်.... ပိုက်ဆံတောင်းတာမဟုတ်ပါဘူးဟ...''

"အော်...မသိဘူးလေ... ဒီမှာက.. အဲ့လိုပိုက်ဆံတောင်းတာတွေများနေလို့...ဟီး..''

"အင်းလေ... အကူအညီလေးတောင်းချင်လို့ဆိုတော့.. အဲ့ပိုက်ဆံတောင်းတဲ့သူတွေကို... တစ်ခါထဲ.. ပြေးမြင်လိုက်တာ..ဟဲ..ဟဲ..''

ဇွဲ ရှင်းပြမှ မသိဘူးလေဟုဆိုကာ သကောင့်သမီးများက တဟီးဟီး လုပ်ကုန်ကြတော့သည်။
တကယ့်ဟာမလေးတွေ။
ကိုယ်က မေးစရာရှိနေတော့လဲ သည်းခံရမှာပါ့။

"ကဲ...ဒါဖြင့်လဲပြော.. ညီမတို့ကဘာကူညီရမှာလဲ... ဘာလဲ.. ဘယ်သူ့ကိုကြိုက်လို့လဲ... ရည်းစားစကားပြောချင်တာလား.. ဖုန်းနံပါတ်ရချင်တာလား.. fb အကောင့်လား... ဒါမှမဟုတ်.. ကျောင်းသားpageမှာ.. စျေးဗန်းခင်းပေးရမလား.. အကုန်ဖြစ်တယ်... ဖြစ်ချင်တာပြောလိုက်... okစေရမယ်..''

ဇွဲရှေ့တည့်တည့်က မျက်လုံးဝိုင်းဝိုင်းနဲ့ ကလေးမလေးက ပြောချင်ရာ ဇွတ်ပြောပြန်သည်။
ခက်တော့နေပါပြီ။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now