အပိုင်း(၄၆)

1.7K 164 319
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl story ............အပိုင်း(၄၆)........

သကောင့်သားက ပုန်းရည်ကြီး ထမင်းသုပ်စားမယ်ဆိုတော့လဲ လုပ်ပေးရပြန်သည်။
ဘာမှတော့မခက်။

ပုန်းရည်ကြီးကို ကြက်သွန်နီပါးပါးလှီးထည့်ပြီး ဆီစိမ်းလေးနဲ့ သုပ်။
ပြီးမှ ထမင်းဖြူထည့်ပြီး ရောနယ်။
အပေါ့အငန် အဆင်ပြေအောင် လုပ်လိုက်ယုံပါဘဲ။
ရရောပေါ့ ပုန်းရည်ကြီးထမင်းသုပ်။

အဖြူလေးဟာ အမြဲဘဲ ဒီလိုထမင်းနယ်၊ ထမင်းသုပ်တွေ ကြိုက်လှပါသည်။
သူကြိုက်သလို ဇွဲကိုလဲ ခနခန လုပ်ကျွေးခိုင်းတတ်ပြန်သည်။

တစ်ခါတစ်လေ ညကြီး ၁၀ နာရီ၊ ၁၁ နာရီထပြီး ထမင်းသုပ်ပေးဆိုပြီး ဂျီတတ်ပါသည်။
မရှိ ရှိတာလေးတွေ စုပေါင်းစပ်ပေါင်း နယ်ပေးလိုက်ပြန်တော့လည်း မြိန်ရေယှက်ရေ စားရှာပါသည်။

အူး လက်ရာက ဘာဘဲ လုပ်ကျွေးကျွေး ကောင်းပြီးသားဆိုတဲ့ စကားတစ်ခွန်းကြောင့် ဇွဲကတော့ ဘဝင်လေဟပ် အရူးဘုံမြှောက် ဖြစ်နေရတော့သည်။

ကြက်အူချောင်းကြော်ကတော့ ရေဦးဒေသထွက် ရယ်ဒီမိတ်ကြက်အူချောင်းထုပ်ကို ဖောက်ကြော်ယုံသာ။

ဘယ်လောက်ကြာမှာလဲ။
အလွန်ဆုံးကြာ ၁၀မိနစ်ပေါ့။

ဒါပေမဲ့ အခုထိ စကားမပြောဘဲ စိတ်ဆိုးနေတဲ့ အဖြူကို ပုန်းရည်ကြီးထမင်းသုပ်လောက်နဲ့တော့ တိုက်စစ်ဖွင့်လို့ ရမှာမဟုတ်ဘူး။

တခြားဗျူဟာတစ်ခု လိုသည်။
ဒီဗျူဟာက ဘာဖြစ်မလဲ။
အချိန်နဲနဲလောက်လုပြီး လုပ်စရာရှိတာ အမြန် လှုပ်ရှားလိုက်ရသည်။

မိနစ်၂၀....... တကယ် မိနစ်၂၀လေးဘဲ စုစုပေါင်း ကြာချိန်က။
ရယ်ဒီ..... အားလုံးပြင်ဆင်ပြီး။

ဒီလောက်ရှင်းပြပြီး ဒီလောက်ချော့နေတာတောင် စကားမပြောတဲ့ အဖြူကောင် ဇွဲနဲ့တွေ့ကြပြီပေါ့။

မင်း ဘယ်လောက် တင်းတင်း အူးရဲ့ အချစ်တွေအောက်မှာ အမြဲတမ်း အရည်ပျော်သွားစေရမှာပါ ချာတိတ်ရာ။
ဘာလို့လဲဆိုတော့ မင်း အူးကို ဘယ်လောက်ချစ်သလဲဆိုတာ သိနေလို့ပေါ့ကွာ....။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now