အပိုင်း(၄၃)

1.3K 124 63
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl  story ............အပိုင်း(၄၃)........

မြို့တော်ဝန်မဏ္ဍာပ်ဘက်ကို ဆက်သွားကြဖို့ ဆော်သြောရင်း လူအုပ်ထဲမှ တိုးထွက်နေသည့် ဇွဲရဲ့အရှေ့မှာ အဖြူကောင်က  ရုတ်တရက်ကြီးပေါ်လာခဲ့သည်။
ရုတ်တရက်မို့ အမြင်များမှားတာလားလို့ မျက်လုံးကိုသေချာပွတ်ပြီးပြန်ကြည့်ရသည်။

ဒီယူနီဖောင်းနဲ့ ဒီရုပ်ကြီးက ဘယ်လိုမှမမှားနိုင်။
အဖြူမှ အဖြူ။

ဘယ်လိုဖြစ်တာလဲ။
တကယ်ဆို ဇွဲတို့မြို့မှာဘဲ ရှိနေရမှာမဟုတ်ဘူးလား။
ဘယ်လိုဖြစ်လို့ မန္တလေးရောက်လာပါလိမ့်။

လုံးဝမထင်ထားတဲ့ အခြေအနေမှာ တွေ့လိုက်ရသဖြင့် ဇွဲ တစ်ကိုယ်လုံး အေးစက်ပြီး တောင့်တင်းသွားသလိုခံစားရသည်။

"အ....ဖြူ....ကောင်..''

သူခိုးလူမိသွားတဲ့ ခံစားချက်ကို အခုမှနားလည်မိတော့သည်။
မီးဝင်းဝင်းတောက်နေသလို ထင်နေရသည့် အဖြူကောင်ရဲ့ မျက်လုံးတွေကို မြင်လိုက်တဲ့အချိန် ဇွဲမှာ စကားတွေပါထစ်ကုန်တော့သည်။

ဘေးနားက ဇွဲရဲ့သူငယ်ချင်းတွေပါလို့ထင်သည်။
အဖြူက အပြုံးတစ်ခုကို လုပ်ကြံပြုံးပြပြီး ဇွဲရဲ့ အနားကို ကပ်ခါ အံကြိတ်ထားသည့်အသံဖြင့်.....ပြောလာသည်။

"အခုချက်ချင်း အိမ်ကိုပြန်...''တဲ့။

အဖြူကောင် ဘယ်လောက်အထိစိတ်တိုနေသလဲမသိ... ဇွဲအနားကပ်ခါ ပြောလာသည့်စကား၏ အေးစက်မှုကိုရော အန္တရာယ်ရဲ့ အငွေ့အသက်ကိုရော ခံစားလိုက်မိသည်။

အမိန့်ပေးတဲ့စကားလုံးပေမယ့် အဲဒီအမိန့်ကို ဆန့်ကျင်ခြင်းမပြုနိုင်သည့် အာဏာကပါ ကပ်ပါလာသည်ထင်သည်။
အဖြူရဲ့ စကားအဆုံးမှာ ဇွဲ ခေါင်းငြိမ့်ပြပြီးဖြစ်နေတော့သည်။

အဖြူက စကားတစ်ခွန်းသာပြောပြီး ဇွဲနောက်က အဖွဲ့ကို အပြုံးတစ်ခုပြုံးပြပြီး လှည့်ထွက်သွားသည်။
ဇွဲကတော့ ကျောက်ရုပ်ဖြစ်နေဆဲ။
လှုပ်လို့မရ။

ဘေးနားကသူငယ်ချင်းတွေက အံသြသည့် အကြည့်များဖြင့် ဝိုင်းကြည့်ကြရင်း တစ်ယောက်တစ်ပေါက်မေးကြတော့သည်။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now