အပိုင်း(၅၇)

1.4K 144 303
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl story ............အပိုင်း(၅၇).......

ဇွဲရောက်သွားတဲ့အချိန်က အဖြူတို့ စာမေးပွဲဖြေရန် လေးငါးရက်သာလိုတော့သည့်အချိန်။
ခွင့်လဲယူထားခဲ့ပြီးသားဆိုတော့ တာဝန်ကျရာမြို့ကို ပြန်မနေတော့ဘဲ စစ်ကိုင်းအိမ်နဲ့ ကျောက်ဆည်ကို ကူးချည်သန်းချည်လုပ်ပြီးသာ နေနေပါတော့သည်။

စာမေးပွဲရက်တွေမှာတော့ စစ်ကိုင်းအိမ်ကိုပင် မပြန်နိုင်တော့။ အူးအနားမှာ ရှိနေပေးရင် ပိုအားရှိတယ်ဆိုတဲ့ အဖြူရဲ့စကားတစ်ခွန်းနဲ့တင် သူ့အနားမှာဘဲ အချိန်ပေးနေရသည်။

ဘာမှတော့ ထွေထွေထူးထူး လုပ်ကိုင်ပေးရတာမရှိပေမယ့် အဖြူစာကျက်နေတဲ့အချိန်ဘေးမှာရှိနေပေးတာ၊ မနက်အိပ်ယာနှိုးပေးတာ၊ စားစရာပြင်ဆင်ပေးတာ လောက်တော့ လုပ်ရပါသည်။

စာမေးပွဲဖြေပြီး ပြန်လာတိုင်း ဖြေနိုင်ခဲ့လားမေးရတာလဲ အလုပ်တစ်ခုပင်။
ဒီနေ့အထိတော့ ဖြေနိုင်တယ်ဆိုတာချည်းဘဲ။
မနက်ဖြန်ဆို စာမေးပွဲတောင် ပြီးတော့မည်။

ညဘက် အဖြူနဲ့ဇွဲရဲ့ပစ္စည်းပစ္စယတွေကို သိမ်းသင့်တာသိမ်းရင်း အလုပ်ရှုပ်နေချိန်......

"အူး... စာမေးပွဲပြီးတာနဲ့... သားတို့တန်းပြန်ကြမှာလား...''

စာကျက်နေရင်း အဖြူကောင်က ဘာစိတ်ကူးပေါက်သည်မသိ၊ ရုတ်တရက်ထမေးလာသည်။

"မပြန်တော့.. မင်းကဘာလုပ်ချင်သေးတာလဲ...''

"အော်... အူးကလဲ... ရောက်တုန်းရောက်ခိုက်.. မန်းလေး(မန္တလေး)လေး ဘာလေး လျောက်လည်ချင်တာပေါ့... သားတစ်ခါမှ.. မန်းလေးမလည်ဖူးသေးဘူး....''

"သွားကြမယ်လေ... ဒါဆိုလဲ.... လျောက်လည်ပြီးမှ..ပြန်ကြတာပေါ့... ငါ.. လုပ်သက်ခွင့်နှစ်ပါတ်တင်ထားခဲ့တယ် အချိန်နဲနဲရပါသေးတယ်...''

"ဝေး... တကယ်နော်..အူး... ပျော်တာကြီး...''

စာကြည့်စားပွဲကို လက်နဲ့ပုတ်ပြီး ဝေးခနဲအော်ကာ ပျော်နေသည့်ပုံစံက တကယ့်ကလေးလေးတစ်ယောက်လို။

"စျေးချိုသွားမယ်၊ စျေးချိုပါတ်ပါတ်လည်က မြန်မာမုန့်တွေလိုက်စားကြမယ်၊ နန်းတော်ထဲဝင်မယ်၊ နန်းမြို့ရိုးကြီးနဲ့ ဓာတ်ပုံရိုက်မယ်၊မန်းလေးတောင်လဲတက်ရအောင်အူး... သားမတက်ဖူးသေးဘူး..၊ တောင်ပြုံးဘက်လဲသွားကြမယ်လေ... အော်... အိမ်ရှေ့မင်းထန်းတောဆိုတာလဲ.. စာထဲမှာဘဲဖတ်ရသေးတာ... အဲ့ကိုလဲသွားမယ်.... ပြီးရင် မဟာမြတ်မုနိရယ်... ဦးပိန်တံတားနဲ့ ကျောက်တော်ကြီးရယ်ကို.. သွားမယ်.....ပြီးတော့....KFCကြက်ကြော်သွားစားမယ်....ပြီးတော့.......''

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now