အပိုင်း(၄၁)

1.3K 132 76
                                    

.............သစ္စာဖြင့်ဖန်တီးသော..............
real bl  story ............အပိုင်း(၄၁)........

"ဟလို...''

"ဟလို... ကိုဇွဲ... ကျွန်တော်ပါ.. ကောင်း..''

"အေး...ပြော... ငကောင်း''

"ဘယ်မှာလဲအကိုကြီး....''

"အော်... ငါကအခု တရားစခန်းဝင်မလို့.. စစ်ကိုင်းရောက်နေတာကွ''

"ဟုတ်လား... တကယ်ကြီးတရားစခန်းဝင်မလို့လား.. ဒီမှာ ယဥ်ကျေးမှုသကြ်န် ပွဲဖြစ်မြောက်ရေး ကော်မတီမှာ အကိုကြီးပါနေတာနော်.. မသိဘူးလား...''

"ဟေ... ဟုတ်လား... ငါမသိဘူးနော်... ဘယ်သူမှလဲမပြောဘူးလေငါ့ကို....''

"အကိုကြီးသိမယ်မှတ်နေတာ... အခုတောင် မနက်ဖြန်အတွက်ကြိုတင်ပြင်ဆင်နေကြတာ အကိုကြီးရောက်မလာသေးလို့ မေမေကြည် ကမေးခိုင်းတာနဲ့ လှမ်းဆက်တာ...''

"အေး... အာ့မှ ဂွကျပြီ... ငါကတရားစခန်းဝင်ဖို့ကြိုပြင်ထားပီးသားကွ.. ဘယ်လိုလုပ်ကြမလဲ.. ငါမလာလဲဖြစ်တယ်မဟုတ်လား.. တခြားလိုအပ်တာတွေကူညီပေးမယ်လေကွာ..နော့်..''

"ကောင်းပါ့မလာအကို.. အကို့ကိုလူကြီးနေရာမှာထည့်ပြီး.. တိုင်ပင်စရာရှိတာတိုင်ပင်ကြဖို့နဲ့ ဝိုင်းလုပ်လို့ရမယ့်ဟာတွေလုပ်ပေးဖို့ ဆိုပြီး​ပြောထားတာ.. ကြိုမပြောမိတာတော့နဲနဲ တိုင်ပင်လွဲသွားတယ်ထင်တယ်.. မလာရင်ဒီကအဖွဲ့တွေအားလျော့သွားမှာအကိုကြီးရ..''

"အဲဒါလဲဟုတ်တာဘဲ.. ဒါဖြင့်.. ဒီလိုလုပ်ကြမယ် မနက်ဖြန်အဖွင့်နေ့ကိုတော့ရှိနေပေးမယ်.. တရားစခန်းကို မနက်ဖြန်ညနေဘက်မှစဝင်လိုက်တော့မယ်ကွာ... အခုငါ မန္တလေးကိုဆက်လာလိုက်မယ်.. မင်းရှိနေမှာမဟုတ်လား...''

"ဟုတ်.. အဲဒါပိုကောင်းပါတယ်... ကျွန်တော်ရှိနေမှာပါ.. လာခဲ့လိုက်အကိုကြီး.. ဘူတာကြီးအပေါ်ထပ်က မာဘယ်လ်ဟိုတယ်မှာ.. စုကြမှာ...''

"Ok... see u..''

ဖုန်းချသွားပြီးနောက် စစ်ကိုင်းတောင်ခြေနားရောက်ခါနီးနေပြီ ဖြစ်တဲ့ ဇွဲရဲ့ကားလေးကို မန္တလေးဘက်သို့ ပြန်ကွေ့လိုက်ရသည်။

မန္တလေးမြို့ရဲ့ သကြ်န်ပွဲတော်က ကျုံးပါတ်ပါတ်လည်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။
အရင်တုန်းကတော့ ရေပါတ်ခံကားတွေ ဆိုင်ကယ်တွေနဲ့ ကျုံးဘေးပါတ်လမ်းပေါ်ရှိ ဖျော်ဖြေရေး မဏ္ဍာပ်များရှေ့ ပါတ်မောင်းကြရသည်။
ဒီနေရာမှာ ပါတ်မောင်းတယ်ဆိုပေမဲ့ ကျုံးဘေးတစ်လျောက် ကားတန်းကြီးက တိုးမပေါက်အောင် များလှပြီး တစ်ဘီးချင်းလှိမ့်ရဖို့တောင်မှ အချိန်အတော်ကြာသည်။ ​ ရေပါတ်ခံကားနဲ့ တစ်နေကုန် တိုးပါမှ တစ်ခုနဲ့တစ်ခါသိပ်မကွာလှသည့် ဖျော်​ဖြေရေးမဏ္ဍာပ်သုံးခုလောက်ရဲ့ရှေ့ကိုဖြတ်နိုင်ယုံသာ။
မဏ္ဍာပ်တစ်ခုရှေ့ရောက်သွားရင် ကျောက်ချသလို ရပ်ထားကြရသည့် ကားတွေကြောင့် မန္တလေးသကြ်န်ဟာ ကားတွေကြပ်ပိတ်ပြီး ရှေ့မတိုးသာနောက်မဆုတ်သာနဲ့ တစ်နေကုန်လေ့ရှိတတ်ခဲ့သည်။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now