အပိုင်း(၄၂)

1.2K 125 80
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl  story ............အပိုင်း(၄၂)........

သကြ်န်ဆိုတာ မြန်မာလူမျိုးများအတွက်တော့ ပျော်စရာအကောင်းဆုံး ပွဲတော်တစ်ခုဖြစ်သလို လူကြီးလူငယ်အရွယ်သုံးပါးမရွေး လွတ်လပ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်သည့် ပွဲတော်တစ်ခုလည်းဖြစ်သည်။

ပုဂံခေတ်မှ စတင်ခဲ့သည်ဟု စာပေများတွင်ဖတ်ရဖူးသော သကြ်န်ပွဲတော်သည် ယနေ့ခေတ်မှာတော့ စိတ်လှုပ်ရှားပျော်ရွှင်စရာ၊ ကြည်နူးစရာ၊ မြတ်နိုးစရာအပေါင်းနှင့် ပြည့်စုံနေလေပြီ။

မြူးကြွသည့် သကြ်န်တေးသွားများက ကြားလိုက်ရသည့် လူတိုင်းကို သကြ်န်ပွဲတော်စိတ်များ စီးဝင်သွားစေတတ်သည်။

သကြ်န်သည် ညှို့ယူတတ်သည်၊ ဖမ်းစားနိုင်သည်၊ သိမ်းပိုက်နိုင်သည်။

ဧပြီလ၏ ပူပြင်းလှသည့် နေရောင်သည် မြူးကြွသည့် သကြ်န်တေးသံများနှင့် ရေပန်းများအောက်တွင် ကခုန်ပျော်မြူးနေသည့် လူအပေါင်းအား လက်မြှောက်အရှူံးပေးထားရလေသည်။
ဖျားခြင်းနာခြင်းမရှိ၊ အပူရှပ်ခြင်းမရှိ။
ဒါကဘဲ သကြ်န်ရဲ့တန်ခိုးလေလား။

ပြီးတော့ ပွဲတော်ရက်က တစ်ရက်နှစ်ရက်မဟုတ်။
အကြိုနေ့မှ စတွက်လျှင် လေးရက်၊ ဝါထပ်နှစ်တွေမှာဆို ငါးရက်တိတိ။
ပျော်စမ်းပါလေ့ စိတ်ကြိုက်။

မဟာသကြ်န်ကာလကို အခါရက်ဟု ခေါ်တွင်တတ်ကြသလို မြန်မာလူမျိုးများက ဒီအခါရက်အတွင်းမှာ ကုသိုလ်အလုပ်များကိုလဲ မမေ့မလျော့ ပြုတတ်ကြသေးသည်။

သကြ်န်ကို အပျော်အမြူးဖြင့် မဖြတ်သန်းလိုက ကုသိုလ်အလုပ်များဖြင့် ဖြတ်သန်းနိုင်ပေသေးသည်။

လွတ်လပ်ပျော်ရွှင်မှုနှင့် ယှဥ်ပြိုင်ထားသည့် ကုသိုလ်စိတ်။
ကိုယ်ကြိုက်တာကိုယ်ရွေးချယ်လုပ်ခွင့်ရှိသည်။
ဒါကသကြ်န်ရဲ့ ဒီမိုကရေစီပင်။

ရှိုင်းတို့အတွက်မှာတော့ သကြ်န်က အာဏာရှင်ဆန်လှသည်။

ပျော်ရွှင်ခွင့်လဲမရသလို ကုသျုလျရေးလဲလုပျခှငျ့မရ။
အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ဂျူတီချိန်ဖြင့်သာ ဖြတ်သန်းရသည်။
ဒါဘဲလုပ် ကျန်တာလုပ်ခွင့်မရှိ။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now