သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၆)

2.1K 242 21
                                    

....................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
.................................အပိုင်း(၁၆).........................

"ဆရာ...လက်မှတ်ထိုးပေးပါအုံး....''

စာရေးမကြီး တင်ပြလာတဲ့ လုပ်ငန်းစာရင်းတွေ တစ်ချက်ဖတ်ကြည့်ရင်း လက်မှတ်ထိုးပေးလိုက်သည်။ ဇွဲ လက်မှတ်ထိုးပေးနေတဲ့အချိန် ပြုံးစိစိကြည့်နေတဲ့ မအဝှာကို ပြန်ကြည့်ရင်း...

"ကျွန်တော့်မျက်နှာမှာ...တစ်ခုခုပေနေလို့လား... ဒေါ်သီတာ..''

"ရှင်... မဟုတ်... မဟုတ်ပါဘူးဆရာ... မထင်ရဘူးနော်...ဆရာက.. ဆရာအရမ်းကံကောင်းတာဘဲ...''

"အမ်.... ဘာကိုလဲ... ဒေါ်သီတာ... အရင်းမရှိ.. အဖျားမရှိ.. ဘာမထင်တာလဲ...ဘာတွေကံကောင်းတာလဲ...''

ရုတ်တရက် ပြောလာတဲ့ စာရေးကြီးဒေါ်သီတာရဲ့ စကားကြောင့် ဇွဲ အံ့သြသွားရသည်။

"ဟီး... ဘာမှမဟုတ်ပါဘူးဆရာရဲ့... ဟဲ... သွားပီနော်...''

ဘာလဲဟ...။ ဘာတွေလာပြောပြီး တဟီးဟီး တဟဲဟဲလုပ်နေတာလဲမသိ။ မဟုတ်သေးပါဘူး။ ဒီနေ့မှ ရုံးကလူတွေအကုန်လုံး ဇွဲ ကိုမြင်တာနဲ့ ပြုံးစိစိတွေ ဖြစ်နေကြတာ။ မေးကြည့်တော့လဲ အင်းအဲ နဲ့။

ဟိုအကောင် ပြည့်စုံလဲ ဒီနေ့ siteထဲသွားရမယ့် ရက်ဆိုတော့ မနက်ကတည်းက ထွက်သွားသည်။ ခရိုင်မှူးက နေပြည်တော် အစည်းအဝေးသွားနေချိန် ဆိုတော့ ရုံးမှာ လူကြီးက ဇွဲ တစ်ယောက်ဘဲ ကျန်ခဲ့သည်။ ကိုယ်က တစ်ယောက်ထဲပါဆိုနေမှ ကျန်တဲ့ ဝန်ထမ်းတွေအကုန်လုံးက ဇွဲကိုကြည့်ပြီး ပြုံးစိပြုံးစိ လုပ်နေကြတော့ မခက်ဘူးလားဗျာ။

တော်ပီ....။ ဒီလူတွေနဲ့ ကြာကြာနေရင် ရူးလိမ့်မယ်။ ပြန်တာဘဲအေးတယ်။ လက်ကနာရီကို ကြည့်လိုက်တော့ ၂နာရီခွဲ။ မတတ်နိုင်ဘူး။ ဒီနေ့ရုံးစောဆင်းရမှာဘဲ။ လုပ်စရာတွေလဲ ရှိသေးတယ်မဟုတ်လား။

"ဆရာ...ရုံးဆင်းတော့မလို့လား...''

ရုံးအုပ်ကြီးရဲ့ အမေးစကားကို တချက်ခေါင်းငြိမ့်ပြရင်း ဇွဲရဲ့ ရုံးခန်းတံခါးကို ပိတ်လိုက်သည်။

"ဆရာ... ဘယ်ကပြန်မှာလဲ... လမ်းသင့်ရင်... ကျွန်တော်.. ရုံးကြီးဘက်လိုက်ခဲ့လို့ရမလား.... မနေ့ကပို့လိုက်တဲ့... ဝန်ထမ်းအင်အားစာရင်းနဲ့... လစာကိစ္စ.. စီမံဘဏ္ဍာမှာ... သွားရှင်းပြရမှာ... ရုံးမဆင်းခင်လာခဲ့ပါလို့... ပြောနေလို့...''

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now