သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၁)

1.8K 206 58
                                    

.................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
.................................အပိုင်း(၂၁).........................

ဘယ်ဘက်လက်ဖြင့် ကီးဘုတ်ကို နှိပ်ရင်း သီချင်းဆိုနေသော ဦး။
တနည်းအားဖြင့် ရှိုင်း မြတ်မြတ်နိုးနိုးချစ်ရတဲ့ လူသားလေး.....။

အေးအတူ ပူအမျှတဲ့လား...ကွာ...။
အေးတဲ့အချိန်အတူတူရှိနေချင်ပေမယ့် ပူတဲ့အချိန်မှာတော့ ခဗျားကြီးကို မသိစေချင်ပါဘူး။

အဲ့ဒီအပူတွေကို ဒီကကောင်က ခါးစီးခံထားပစ်မယ်။
ခဗျားကြီး မပူစေရအောင်ပေါ့ဗျာ။

သီချင်းလေးထဲမှာတောင် ပါတယ်လေဗျာ.... ''ပျော်ရွှင်စရာဆို...မင်းအနားတိုးလို့... ပူပင်စရာဆိုဖုံးဖိကွယ်ထားမယ်....'' တဲ့လေ.။ အဲ့လိုလေးပေါ့။

ဒါပေမဲ့ ရှိုင်း ကျေနပ်တယ် သိလား။
ခဗျားကြီးဘက်က အဲ့လိုစိတ်မျိုးရှိပေးလို့လေ။

ကျွန်တော် ရွေးချယ်ခဲ့တာ ဒီတစ်ခါတော့ မှန်သွားပြီ။
ခဗျား လက်ကို ဘာအကြောင်းတွေရှိရှိ ဘယ်တော့မှ မလွှတ်တော့ဘူး သိလား။

သီချင်းဆိုနေတဲ့ လူသားလေးကို ကြည့်နေရင်း ဘယ်ကဘယ်လို မျက်ရည်တွေကျလာမှန်းမသိ။
ချစ်ရလွန်းလို့၊ ခံစားရလွန်းလို့ နေမှာပါ​ဗျာ။

-----------------vvvvv------------------

သီချင်းဆိုနေချိန်မှာ အရာအားလုံးကို မေ့နေတတ်သည့် ဇွဲ  သီချင်းပြီးသွားမှ လှည့်ကြည့်လိုက်တော့....

ဟင်.... အဖြူကောင်လေး ငိုနေတာဘဲ။

ကီးဘုတ်တီးတဲ့နေရာက ထပြီး အဖြူလေးဆီသွားလိုက်သည်။

ဘာလို့ငိုနေတာလဲတွေ ဘာကြောင့်လဲဆိုတာတွေ ဇွဲ မသိချင်တော့ပါဘူး။ မေးလဲမမေးချင်ပါဘူး။

သေချာတာတစ်ခုက နှလုံးသားရဲ့ တုံ့ပြန်မှုတစ်စုံတစ်ရာကြောင့် ဆိုတာကိုဘဲ သိသည်။

မျက်ရည်တွေကျလျက် ဇွဲကို ပြုံးပြီး ကြည့်နေသော အဖြူလေးကို ရင်ခွင်ထဲဆွဲထည့်ကာ ဖက်ထားလိုက်မိသည်။

ဇွဲ ရင်ခွင်ထဲရောက်တော့ ကလေးလေးက ပိုပြီး ငိုပါလေတော့သည်။
ခန္ဓာကိုယ်လေး တုန်တုန်ပြီး အသံမထွက်ဘဲ ငိုနေသော အ​ဖြူလေးကို တင်းကြပ်စွာ ဖက်ထားမိနေဆဲ။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now