သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၀)

2.4K 267 44
                                    

........................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
.................................အပိုင်း(၁၀)..................................

ပန်းညိုအဝိုင်းနား
ယာဥ်ထိန်းရဲတွေ နေရသည့် ဂိတ်တဲလေးအနီး ကားဘရိတ် ခပ်ပြင်းပြင်း နင်းရင်း ရပ်ပစ်လိုက်သည်။

"ကျွီ..............''
"ဝုန်း.....''ခနဲ ကားတံခါးကိုစောင့်ပိတ် ပစ်ခဲ့ပြီး အဖြူကောင် ထိုင်နေသည့် ဂိတ်တဲလေးထဲဝင်သွားလိုက်သည်။

"ဟာ.....ဦး..... ဘယ်လိုရောက်လာ''
"ခွပ်..........''

ဇွဲကိုမြင်လိုက်သဖြင့် အံအားသင့်ပြီး ထလာသော အဖြူကောင် စကားပင်မဆုံးလိုက်ရ ဇွဲရဲ့လက်သီးချက်ကြောင့် ခွေခနဲ လဲကျသွားသည်။

"မင်းအတွက် ငါက... ကစားချင်တိုင်း...ကစားလို့ရတဲ့.... အရုပ်မဟုတ်ဘူးဆိုတာ.... သဘောပေါက်လိုက်.... ဒါသင်ခန်းစာဘဲ.......''

"မဟုတ်ဘူး...ဦး....မဟုတ်ဘူး.....''

ထင်မထားခဲ့သည့် ပုံစံဖြင့် လက်သီးစာ မိသွားသော အဖြူကောင်က အတင်း ဖြေရှင်းနေသည်။

"ကျွန်တော်မကစားခဲ့ပါဘူး..... ဦးရဲ့အနား...ရောက်ချင်ခဲ့လို့.... ဦးကိုချစ်လို့... ကြံစဥ်ခဲ့တာပါ.... အခုလဲ...ဦးကိုဝန်ခံထားတာဘဲလေ.. ကျွန်တော်မလိမ်ပါဘူးဗျာ... မြင်မြင်ချင်း...ရင်ခုန်မိခဲ့တာ... ချစ်မိခဲ့တာကို... အပြစ်လို့ထင်တာလား.ဦး.... အဲ့ဒီအချစ်အတွက်.... ကိုယ်မြတ်နိုးတဲ့.. လူတစ်ယောက်အနားကို... ရောက်အောင်သွားနိုင်ဖို့... ရတဲ့နည်းလမ်းနဲ့....ကြိုးစားတာကို... အပြစ်လို့စွပ်စွဲမလို့လား...ဟင်...ဦး... ဖြေစမ်းပါ.... ဒါကိုမှအပြစ်ဆိုရင်ရင်လဲ.... ဦးကြိုက်သလိုအပြစ်ပေး... ထပ်ထိုးအုံးမလား....ထိုးလေ.... ထိုးစမ်းပါဗျ..... ကျွန်တော်တန်ဘိုးထားခဲ့မိတဲ့...အချစ်အတွက်... ရဲရဲကြီး.... ခံလိုက်မယ်... လုပ်စမ်းပါ...ဗျာ...''

ဒေါသစိတ်ကြောင့် အသားတွေ တဆတ်ဆတ် တုန်၊ အသံတွေပါ တုန်လာတဲ့ အဖြူကောင်က ပြောလဲပြောရင်း လဲနေရာမှထပြီး အနားကိုတိုးလာကာ သူ့မျက်နှာကို ဇွဲရှေ့ထိုးပေးနေပြန်သည်။

"အေး.... လုပ်မယ်.... မင်းကိုငါက...ငါ့အနားလာပါလို့... ပြောနေလို့လား.... ငါ့အတွက်လိုအပ်တယ်လို့... တောင်းဆိုနေလို့လား... မလိုဘူး... မလာခဲ့နဲ့.... ငါတစ်ယောက်ထဲဖြစ်တယ်... ငါ့ဖာသာ... သာယာနေတဲ့ဘဝကို.... မင်းဝင်လာပြီး... မွှေလိုက်တာ... ဟုတ်တယ်... ငါရင်ခုန်မိခဲ့တယ်... ဒါပေမဲ့... ငါရိုးသားစွာ... ရင်ခုန်ခဲ့တာ.... မင်းခုလိုအကွက်ချကြံစည်ခဲ့တာ...ကိုသာ..ငါသိခဲ့ရင်... လုံးဝဘဲဟြောင့်.... မင်းငါ့ကိုအရူးလုပ်တာ... ငါ့ရဲ့ရင်ခုန်သံကို... အရူးလုပ်ခဲ့တာ....ဟာ.....''

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now