သစ္စာဖြင့်ဖန်တီးသော အပိုင်း(၇)

2.4K 278 40
                                    

.....................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
...................................အပိုင်း(၇)..................................

ဟုတ်ကဲ့။ ကိုယ့်ကတိနဲ့ကိုယ် အဖြူကောင်ဆီ နေ့တိုင်းထမင်းချိုင့်ပို့ပေး နေရပါသည်။​ဗျာ.... သာယာနေတယ်ဟုတ်လား...... ။ဘုရားစူးရစေ့။ သာယာဖို့နေနေသာသာ။

အချုပ်ထဲက အဖြူကောင်ရဲ့ ထမင်းချိုင့်ထဲ ပြန်ထည့်ရေးပေးလိုက်တဲ့ အမျိုးမျိုးသော တောင့်တမှုတွေကို ဖြည့်စည်းလို့မဆုံးနိုင်ချေ။

တကယ်ပါဗျာ။ ကိုယ့်စကားနဲ့ကိုယ် ဖြစ်နေလို့သာ သည်းခံနေသည်။ စားချင်တာကို စာနဲ့ရေးပြီး ချိုင့်ထဲပြန်ထည့်ပေးလိုက်လို့ ပြောမိတာကို ဒင်းက ကောင်းကောင်းအသုံးချနေသည်လေ။

-မာလာရှမ်းကော
-Lotteriaကြက်ကြော်
-ရွှေတောင်ခေါက်ဆွဲ
-မြောင်းမြဒေါ်ချိုမုန့်ဟင်းခါး
-ရခိုင်မုန့်တီ
-သဘော်သီးထောင်း
-ဂဏန်းချဥ်စပ်
-ရှမ်းထမင်းချဥ်

အာ....စုံလို့...စုံလို့။ မရိုးရအောင်မှာနိုင်သည်။ ဘယ်ဘဝထဲကငတ်ပြတ်လာတယ်မသိ။ အချုပ်ထဲမှာ ဘာအလုပ်မှမ ရှိတိုင်း အတိုးချပြီး ငတ်ကြီးကျနေသလား ထင်ရသည်။

တစ်ရက်တစ်ရက် ဒင်းမှာသမျှကို မြို့ထဲမှာလှည့်ဝယ်ပြီး ပို့ပေးနေရသည်။ ဇွဲခ​ဗျာ ကိုယ့်ရဲ့အလုပ်ကိုတောင် ကောင်းကောင်းမလုပ်နိုင်။

တော်ပါသေးရဲ့။ အချုပ်က သုံးရက်ထဲမို့။ တစ်လလောက်သာဆို မောင်ဇွဲတစ်ယောက် မပဒါ မြေလူး၊ အရူးမခွေးဆွဲသလို ဖြစ်နေတော့်မည်။

တော်တော်ဒုက္ခပေးတဲ့ကောင်။ ငါပို့တာတွေစားသောက်ပြီး စားပိုးနင့်နေပါစေဗျာ..............။

.............................vvvvvv........................................

အချုပ်ထဲမှာ ရှိုင်းတို့တော့ သာယာနေပါသည်။ အေးဆေးဘဲလေ။ အနားယူတယ်တောင် သဘောထားသေး။ မဟုတ်ရင် ခွင့်တစ်ရက်ရဖို့ကို အာပေါက်မတတ် ခွင့်တိုင်ရတာ။ ခုတော့အေးဆေး။

အချိန်တန်ရင် ဘိုးတော်ပေါက်စ ပို့ပေးတဲ့ စားစရာကအဆင်သင့်။ စိတ်ထဲရှိသမျှ မရိုးနိုင်အောင် မှာနေသမျှကို ရအောင် ပို့ပေးရှာသည့် ဘိုးတော်ပေါက်စကို ချစ်လိုက်တာဗျာ။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now