နှုတ်ဆက်ခြင်း

2.1K 221 271
                                    

"နှုတ်ဆက်ခြင်း''

သစ္စာဖြင့်ဖန်တီးသော လေးဟာ အပိုင်း၆၆မှာ ဇာတ်သိမ်းသွားခဲ့ပါပြီ။
စတင်ရေးသားစဥ်ကတည်းက အခုချိန်ထိ ဖတ်ရှုအားပေးခဲ့တာတွေ၊ အထူးသဖြင့် အူးနဲ့ အဖြူလေးတို့အပေါ်မှာ ချစ်ခင်ပေးခဲ့တာတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်ခဗျာ။

အခုတော့ အားလုံးကိုနှုတ်ဆက်ရမယ့်အချိန်လေး ရောက်ခဲ့ပြီပေါ့။
ဖတ်ရှုအားပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို အူးက ချစ်ခင်တန်ဖိုးထားလျက်ရှိပါကြောင်း အသိပေးပါရစေ။

လက်သင့်ခံနိုင်လောက်တဲ့ အဆုံးသတ်မဟုတ်လို့ ကျေကွဲခံစားနေကြရတဲ့ အူးရဲ့ပရိတ်သတ်၊ အူးရဲ့ကလေးတို့ရေ.......
ထိခိုက်ခံစားနေကြမယ်ဆိုတာသိပါတယ်။

ဒါပေမဲ့ ဒါဟာအမှန်တရားဘဲလေ။
အူးကိုယ်တိုင်လဲ ဒီအိပ်မက်ဆိုးကြီးထဲက မလွတ်မြောက်နိုင်သေးတာ အခုဆို အချိန်၂နှစ်တာ ရှိခဲ့ပြီပေါ့။

မဖြစ်နိုင်ဘူး၊ မဖြစ်ရဘူးလို့ ဘယ်လောက်ဘဲပြောနေနေပါ.. ပကတိအရှိတရားကိုတော့ အူးတို့လက်ခံကြရမှာပါဘဲ။

အချစ်ဆိုတာတကယ်ရှိတယ်၊
ကျား/မ/လိင် မခွဲခြားဘဲ တစ်ယောက်က တစ်ယောက်ကို ချစ်မြတ်နိုးလို့ရတယ်၊
သစ္စာတရားနဲ့ တည်ဆောက်သမျှဟာ ခိုင်မြဲနေမယ်ဆိုတဲ့ အချက်လေးတွေကို ဒီဝတ္ထုလေးက သက်သေပြခဲ့တာပါ။

တစ်စုံတစ်ခုကို
အရမ်းချစ်တတ်လာရင် အဲ့ဒီအရာလေးကိုထိခိုက်မှာ၊ ခံစားသွားရမှာ မလိုလားလို့ ကြိုးစားကာကွယ်ရင်းနဲ့ နောက်ဆုံးမှာ ကိုယ့်ကိုကိုယ်ဘဲ ထိခိုက် နာကျင်ခံစားရတတ်စေတယ် ဆိုတာကိုလဲ သင်ခန်းစာရပြန်ပါတယ်။

ကလေးတို့ရေ.....
တွေ့ဆုံ ကြုံ ကွဲ...လောကရဲ့နိယာမတရားကြီးအတိုင်း အူးတို့ကြုံတွေနေရတာမဟုတ်လား။
တစ်နေ့တစ်ချိန် ရှင်ကွဲမဟုတ်ရင် သေကွဲ ကွဲကြရအုံးမှာပါဘဲ။
ဒါဟာ အမှန်တရားဘဲ။

မချစ်မနှစ်သက်တော့လို့ ဝေးကွာကွေကွင်းရခြင်းမျိုးမဟုတ်ဘဲ ချစ်ခင်နှစ်သက်နေရက်နဲ့ သေကွဲ ကွဲခဲ့တာတွေလဲ အများကြီး မြင်တွေ့နေကြရမှာ။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now