အပိုင်း(၄၇)

1.8K 145 152
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl story ............အပိုင်း(၄၇)........

"ချာ...ချာတိတ်... ဘာလုပ်တာလဲ...စိတ်ဆိုးမပြေသေးဘူးလား... ခနလေး... ခနလေး... အူးပြောပြမယ်... အူးပြောပြမယ်လေ
... ခနအောက်ချပေးအုံး..''

အကြောက်ကန် ငြင်းနေပေမဲ့ အဖြူကောင်က အရေးပင်မလုပ်။
ဇွဲကို ပွေ့ချီထားလျက်ကပင် အိပ်ခန်းမီးကို ပိတ်လိုက်ပြီး အိပ်ယာဆီသို့ တဖြေးဖြေး သွားနေသည်။

ရလိုရငြား ရုန်းကြည့်ပေမဲ့ သန်မာလှသည့် အဖြူကောင်ရဲ့လက်များကို မယှဥ်နိုင်ဘဲ အရိုင်းဆန်သည့် အကြည့်တစ်ခုကိုသာ ထပ်ရလိုက်သည်။

အန္တရာယ်ဆိုသည့် အသိကို သိလိုက်ရချိန်မှာ ဇွဲကို ကုတင်ပေါ်သို့ ပစ်ချခံလိုက်ရပြီး အဖြူကောင်က ဇွဲအပေါ်မှ အုပ်မိုးထားသည်။

မျက်နှာတစ်ခုလုံးအနှံ့ကို ကျရောက်လာသည့် ခပ်ကြမ်းကြမ်း အနမ်းများကို ရုန်းကန်ရှောင်ရှားနေပေမဲ့ ရှောင်လို့မလွတ်တာ ခပ်များများ။

"မဟုတ်သေးဘူး... ခနလေး... ခနလေးလို့... ဟြောင့်.. အဖြူ''

အကြောက်ကန်ပြီး ရုန်းနေလို့လားမသိ အဖြူလေးက ဇွဲရဲ့ လက်တို့ကို ကုတင်နှင့်ဖိကပ်လိုက်ပြီး စကားတစ်ခွန်းပြောလာသည်။

"ဘာလို့အဲ့ဒီလောက်ရုန်းနေရတာလဲ... သားကအူးအတွက် ဘာလဲ...
သားကိုမချစ်တာလား... ဒါမှမဟုတ် သားခန္ဓာကိုယ်နဲ့ ထိရမှာ.. မသတီလို့လား...''

တစ်ခွန်းချင်းပြောနေတဲ့ အဖြူကောင်ရဲ့ စကားသံက အေးစက်နေသည်။
မျက်ဝန်းနှစ်စုံက အကြည့်ချင်း စူးစိုက်ကြည့်လျက် ရှိနေဆဲ။

မဟုတ်ဘူးအဖြူ...မဟုတ်ဘူး။
ဒီအခြေအနေထိ ဖြစ်လာလိမ့်မယ်လို့ ငါလုံးဝမထင်ထားလို့။
ငါကြောက်တယ်... ငါဘာမှမပြင်ဆင်ရသေးဘူး။
တစ်ချိန်ချိန်မှာ ရင်ဆိုင်ရမှာ သိပေမဲ့ အခုလို ရုတ်တရက်ကြီး ထဖောက်မယ် မထင်ခဲ့လို့။
အတူရှိနေခဲ့တဲ့ အချိန်တစ်လျောက်လုံး မင်းဘက်က အမြဲတမ်း စည်းကမ်းရှိခဲ့တာကြောင့် ငါ... ငါ... ထင်ရာလုပ်လိုက်မိတာပါ။

ဇွဲ စိတ်ထဲမှာ စကားတွေအများကြီး ပြောချင်ပေမဲ့ အသံကထွက်မလာတော့။
ဇွဲရဲ့ နှစ်ခမ်းတစ်စုံက အဖြူလေးရဲ့ ချိုရှရှ အနမ်းများအောက်သို့ ပျော်ဝင်သွားခဲ့လေပြီ။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now