သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၆)

1.7K 197 79
                                    

..................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
.................................အပိုင်း(၂၆)..................................

"အူး...... မာလာရှမ်းကောစားချင်လို့....😋😋'' တဲ့....။

ဖာ့ခ်ဘဲ.... လိ..လိ... မြေငိုး...အဖြူကောင်။
ခွေးသူခိုးလေး။

ငါကဖြင့် အသားကုန်တွေစိတ်ပူနေလိုက်ရတာ။
လင်ပူတွေမိနေလိုက်ရတာ....။

ဒင်းက အခုချိန်ထိကို မျက်ခွက်ပြောင်နေနိုင်သေးတယ်။
လိ..ဘဲ။
မကျွေးဘူးကွာ....မပို့ဘူးကွာ...။

ဖုန်းပြောလို့ အဆင်မပြေဘူးဆိုတော့ မက်ဆေ့ အပြန်အလှန်ပို့နေရသည်။

"ဒီအချိန်ထိကို မျက်နှာပြောင်နေနိုင်သေးတာလား... ငါဘယ်လောက်စိတ်ပူနေရလဲသိလား....''

ခနနေတော့ အဖြူကောင်ဆီမှ စာပြန် ဝင်လာပါသည်။

"သိပါတယ်...အူးရ... အူးစိတ်ပူနေမှာစိုးလို့.. နဲနဲလေးအရောင်ထွက်ပြတာ...''

"ပြော....အခြေအနေ...''

"ထုံးစံအတိုင်း ဓာတ်ပြားဟောင်းတွေရော၊အသစ်တွေရော တစ်နေကုန်ထိုင်ဖွင့်နေတာပေါ့ဗျာ... အဖွားကပါ ပါလာလို့... တရားနာရသေး..''

"အခု... ဘယ်လိုအခြေအနေလဲ...''

"အဖေကအဲ့လောက်ကြီးမပြောဘူး..အူး... ငါ့သားအဖေ့မျက်နှာပျက်ရအောင် မလုပ်ရင် ရပြီတဲ့လေ... ဆိုးနေတာက အမေနဲ့အဖွားဘဲ..အူးရေ....''

"နေ့လည်က ငါဖုန်းဆက်တော့ ဖုန်းပြောလို့ အဆင်မပြေဘူးဆိုတာက ဘယ်လိုကြောင့်လဲ....''

"အာ့တိုက်ပွဲဝင်နေတဲ့အချိန်လေ... အူးနဲ့အတင်းဖြတ်ခိုင်းနေလို့..''

"ခုရော်...အခြေအနေ..''

"သားအခန်းထဲမှာလေ... အထဲကဂျက်ထိုးပြီး.. အစာငတ်ခံဆန္ဒပြနေတာ... သူတို့ကိုရွဲ့ပြီးတနေကုန်ဘာမှမစားဘဲနေနေတာ...အူးရ... သားတကယ်ဗိုက်ဆာနေပြီနော်... လုပ်ပါ... မာလာရှမ်းကောစားချင်လို့....''

"လိ....ဇွဲသူရိန် ရှမ်းကောကြီးကော...မစားချင်ဘူးလား..''

"ဟာ... အကောင်လိုက်တောင်မျိုချပစ်လိုက်ချင်သေး...ဟီး..''

"ငါအကောင်းမေးနေတာ... အိမ်ကအဆင်ပြေပါ့မလား... မိန်းမတွေဘာတွေအတင်းပေးစားမနေဘူးလား....''

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now