အပိုင်း(၅၀)

1.6K 145 380
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl story ............အပိုင်း(၅၀).......

မနက်ခင်း အိပ်ယာထချိန်ဟာ ဇွဲအတွက်တော့ လုံးဝမသာယာခဲ့ပါဘူး။

အကြမ်းပတမ်း ဆွဲဖြုတ်ထားသဖြင့် ကြယ်သီးတွေပြုတ်နေသည့် ညဝတ်အိက်ျီက ရင်ဘတ်စိလို့မရတော့ဘဲ ဟပြဲကြီး ဖြစ်နေသည်။

အိပ်ယာကုန်းထလိုက်ချိန် ခါးကဆစ်နဲ နာလာသဖြင့် လက်နှစ်ဖက်ဖြင့် ဖိရင်း တကျွတ်ကျွတ်ညည်းနေရပြန်သည်။

အိပ်ယာဘေးကမှန်တင်ခုံမှာ ပေါ်လာသည့် ဇွဲရဲ့ပုံရိပ်ကို မြင်လိုက်ရချိန်မှာတော့ ခါးနာတာတွေရော ဘာတွေရော ဘာမှမသိတော့။

လည်ပင်းရဲ့ တဖက်တစ်ချက်စီနဲ့ ရင်ဘတ်နေရာအနှံ့က အနီရောင် အကွင်းအကွက်များဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသာ ကိုယ့်ရုပ်ကို ကြည့်ရင်း ဒေါသတွေ အလိပ်လိုက် ထွက်လာခဲ့တော့သည်။

ဒီနေ့ ရုံးကြီးဂျူတီသွားရမှာမို့ လည်ပင်းတော့ မလုပ်ပါနဲ့ဆိုတာတောင် နှစ်နေရာတော့ ရအောင် ကိုက်ထားသေးသည်။

လည်ပင်းကလွဲရင် ကျန်တဲ့နေရာ မပြောလိုဘူးဆိုပြီး ထားလိုက်တော့လည်း ရင်ဘတ်နေရာအနှံ့အပြားကို ကိုက်ထားသည်မှာ မြင်မကောင်းရှူမကောင်း။
ဒါတောင် မမြင်ရတဲ့ ကျောဘက်မှာလဲ ရှိနေသေးသည်။

ခွေးကောင်... ခွေးသူခိုးအဖြူကောင်။
လူလား ခွေးလားမသိဘူး။
အဲ့သလောက် ကိုက်စရာလိုသလား။

လည်ပင်းက ဒီလိုအရာကြီးတွေနဲ့ ဇွဲ ဘယ်လိုလုပ် ရုံးသွားရမလဲ။
ဒီနေ့ ရုံးကြီးဂျူတီသွားရမည်။
ယူနီဖောင်းက စတစ်ကော်လံအဖြူဝတ်ရမည့်နေ့။
အရှက်ကွဲလိုက်မည့် ဖြစ်ခြင်း။

ဟိုဟာလုပ်တာလား ကိုက်ဖြဲပြီး လူသတ်နေတာလားမသဲကွဲတော့ဘူး။
ခွေးစုတ်၊ ခွေးနာအဖြူကောင်။
လူကနေ ခွေးစိတ်ပေါက်နေတဲ့ အယုတ်တမာကောင်။

ရေချိုးခန်းထဲက ရေကျသံကြားနေရသည်။
အံမယ် ဒင်းက စောစောစီးစီး ထပြီး ရေတွေဘာတွေတောင် ချိုးနေပြီပေါ့။
လူကို လုပ်ချင်သလိုလုပ်ပြီး အဖက်တောင်မလုပ်ဘူး။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now