သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၈)

1.6K 153 80
                                    

..............သစ္စာဖြင့်ဖန်တီးသော...............real bl  story
.........................အပိုင်း(၃၈)..................................

"အူး.... ဟိုးမှာကြည့်... မဟာရွှေစည်ကြီးစေတီကို... လှမ်းမြင်ရတယ်မဟုတ်လား....''

"အင်း......''

"အူး.... နားထောင်နော်...........
အရှင်ဘုရား... ဘုရားတပည့်တော်.. ရှိုင်းဝဏ္ဏ သည်... ဟောဒီ့က.. ဇွဲသူရိန်ဆိုသည့်... လူကြီးကို... အသက်တမျှချစ်မြတ်နိုးပါသည်ဘုရား.... တပည့်တော်ရဲ့ဘဝ.. နေဝင်ချိန်အထိ... အူးနဲ့အတူတူ.. ရှင်သန်သွားပါရစေဘုရား...
တပည့်တော်၏... နောက်ဆုံးထွက်သက်သည်... အူးရဲ့လက်ပေါ်မှာဘဲ.. အဆုံးသတ်ပါရစေဘုရား... အကယ်၍.. ကျွန်တော်မှ... အူးအပေါ်..သစ္စာမဲ့သည့်လုပ်ရပ်တစ်ခုခုဖြင့်...  ဖောက်ပြန်ကျူးလွန်ခဲ့သည်ရှိသော်... ဖြစ်လေရာနေရာ.. ဖြစ်လေရာဘဝတို့၌... မကောင်းသောဘဝဇာတ်သိမ်းဖြင့်.. အဆုံးသတ်ပါစေဘုရား....''

ဘဝနေဝင်ချိန်အထိအတူရှိချင်တာတဲ့လား......
နောက်ဆုံးထွက်သက်က ဇွဲရဲ့လက်ပေါ်မှာအဆုံးသတ်ချင်တာတဲ့လား.
ဇွဲအပေါ်သစ္စာဖောက်ခဲ့ရင် မကောင်းတဲ့ဘဝဇာတ်သိမ်းနဲ့ အဆုံးသတ်ပါရစေတဲ့လား.............

မကျိန်ပါနဲ့ကွာ၊ အဲ့လောက်ကြီးထိမလိုပါဘူး။
ဇွဲအပေါ် အဲ့သလောက်ချစ်တယ်ဆိုတာ သိရရင် ကျေနပ်ပါပြီ။

"ဘယ်လိုလဲအူး... သားရဲ့သစ္စာကို... ယုံပြီမှလား....''

"ချာတိတ်..အချစ်မှာသစ္စာတရားကအရမ်းအရေးကြီးတယ်သိလား.. ငါတို့နှစ်ယောက်ကြားမှာ တည်ဆောက်မယ့်အရာတိုင်းကို သစ္စာနဲ့ဘဲ ဖန်တီးပေးပါကွာ... ငါ မင်းကို အမြဲယုံကြည်နေပါ့မယ်....''

"ဟုတ်ကဲ့...ချစ်တယ်....အူး....''

ဇွဲရဲ့ နားရွက်လေးတွေနားမှာ ကပ်ပြီး စကားပြောနေသည့်
အဖြူလေးရဲ့ ပါးနဲ့ ဇွဲရဲ့ပါးပြင်တို့ကို ထိစပ်ပြစ်လိုက်သည်။
နွေးထွေးနူးညံ့သည့် အထိအတွေ့မှတဆင့် ချစ်ခြင်းများကို ခံစားနေရသည်။

ဇွဲရဲ့နှလုံးသားမှ ထွက်ပေါ်လာသည့် အသံလေးက ဇွဲရဲ့ နှုတ်မှတဆင့် ထွက်ကြလာခဲ့သည်။

"ချစ်တယ်...အူး.. နှလုံးသားထဲက ချာတိတ်လေး...''

အရာအားလုံးပြန်တိတ်ဆိတ်သွားပြန်သည်။
ကြယ်တွေစုံတဲ့ ကောင်းကင်ကြီးရဲ့အောက်မှာ ရှိုင်းတစ်ယောက် သူချစ်ရတဲ့ လူကြီးသေးသေးလေးကို လွတ်ထွက်သွားမှာစိုးသည့်အလား တင်းကြပ်စွာဖက်ထားမိသည်။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now