သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၉)

1.7K 190 87
                                    

................သစ္စာဖြင့်ဖန်တီးသော...............real bl series
.................................အပိုင်း(၂၉).........................

အိမ်ပြန်ရောက်တော့ ချက်ချင်းရေချိုးပစ်လိုက်ရသည်။
ရေချိုးခန်းထဲက ထွက်လာတော့ ဇွဲရဲ့ဖုန်းလေးက ring tone သံကြားလိုက်ရသည်။

ကြည့်လိုက်တော့ အဖြူကောင်.......

"အေး....ပြော.....''

"အူး.... အဆင်ပြေရဲ့လား....''

"ပြေပါတယ်.... ဘာလို့လဲ....''

"အငယ်မလေးပြောတာ... အူး... နှောက်ချေးအလူးလူးနဲ့ ပြန်သွားရတယ်ဆိုလို့....ဟဲ...''

ငင့်.... ဟိုဟာမလေးက သွားပြန်ပြောလိုက်ပြီကိုး။

"အေးဆေးပါ... ငါကားပေါ်မှာ အဝတ်အစားအပိုပါတယ်လေ.... လဲဝတ်လိုက်တယ်...''

"ဗျာ.... ကိုပြည့်စုံကြီး ကို ဖုန်းဆက်တော့ အူးက အဝတ်လဲစရာမပါလို့ underwear လေးနဲ့ ကားပေါ်မှာ လိုက်ခဲ့ရတာဆို.....''

ခွီး....ပြည့်စုံ ခွေးသား.... တွေ့မယ်.... အဖြူကို အကုန်ပြောလိုက်တာကိုး။

"အဲ့အကောင် ဖုန်းဆက်ပြောတာလား''

"ဟာ...အူးကလဲ.... ကိုပြည့်စုံကို သားကဖုန်းဆက်မေးလို့ ပြောတာပါဗျာ....သူ့ကိုပြဿနာမရှာပါနဲ့..... ''

"ကဲ...ဒါဆိုလဲသိပြီမဟုတ်လား... မင်းကိုလာတွေ့ရတာ... ငါဘယ်လောက်စွန့်စားရသလဲဆိုတာ.... ဘဝမှာ တစ်ခါမှ မလုပ်ဖူးတာတွေ လုပ်ခဲ့ရတာ...''

"ဟဲ.... သိပါတယ်.. အူးရာ... အဲဒါတွေကြောင့် အူးကိုချစ်နေရတာပါ့.... ဒါနဲ့... အပြန်ကားမောင်းတဲ့နေရာမှာ ကိုပြည့်စုံမဟုတ်ဘဲ သား ဖြစ်ရမှာဗျာ... ဒါမှ အူးရဲ့ ဘာမှမပါတဲ့ အလှလေးကိုတစိမ့်စိမ့်ကြည့်ရင်း ကားလေး မောင်း.....''

"ဟိတ်ကောင်... တော်စမ်း.... ရင်ဘတ်ထဲမှာ ပန်းတွေပွင့်နေတာမဟုတ်ဘူးနော်.... လာမစွနဲ့....''

"အော်...အူးရယ်... ပန်းပွင့်နေတာမဟုတ်ရင်လဲ... သားက ပန်းပွင့်အောင် လုပ်ပေးမှာပေါ့လို့...နော်... နော်...''

"ဟြောင့်... သောက်ခွက်ပြောင်မနေနဲ့.. ဒါဘဲ.... ငါဘုရားရှိခိုးမလို့...''

"Ok.. ok.. မနှောက်ယှက်တော့ဘူး... daddy ကြီး ပြည့်စုံနေရာမှာ... daddy ရှိုင်းလေးသာ ဆိုလို့ကတော့.... ခဗျားဘဝလေး ကားပေါ်မှာတင် ပန်းပွင့်သွားစေရမှာပါ.... ခွိ...ခွိ... ဒါဘဲနော်... babe အုအုကဲကဲ လေး....''

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now