အပိုင်း(၅၄)

1.3K 153 456
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl  story ............အပိုင်း(၅၄).......

"အူးရေ... အူး... အူး...လို့...''

"ဟိတ်ကောင်.... တအူးအူးနဲ့... ခွေးအူသလိုအူမနေနဲ့... ငါအလုပ်လုပ်နေတာနော်.... စိတ်ရှုပ်လာရင်.. ဖုန်းချပစ်မှာဗျ....''

"ဟာ.... ဖုန်းတော့မချနဲ့လေ.ဟဲ..ဟဲ... မခေါ်နဲ့ဆိုလဲမခေါ်ဘူးလေနော်..
မောင့် အသည်းလေးကို... လွမ်းလို့ပါဆိုကွာ...''

"အေး... သောက်ပိုတွေများများပြောနေ..''

ဇွဲတစ်ယောက် နေ့လည်ပိုင်းရုံးတက်ချိန်မှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် လျာထားလုပ်ငန်းများအတွက် စာရင်းဇယားများဖြင့် ခေါင်မဖော်နိုင်အောင် အလုပ်ရှုပ်နေပါတယ်ဆိုမှ သကောင့်သားက VCခေါ်ခိုင်းပြီး ပလီစိခြောက်ချက် လုပ်နေလေသည်။

အလုပ်ရှုပ်နေလို့ ညမှခေါ်မယ်ဆိုတာကိုမရ။
VCဖွင့်ထားပြီး အလုပ်လုပ်နေပါ၊ သူက အူးမျက်နှာလေးမြင်နေရရင် ရပြီဆိုပြီး ဂျီတိုက်နေတာနဲ့ ဖွင့်ပေးထားလိုက်ရသည်။

ဒါကို အငြိမ်မနေဘဲ တဖက်ကနေ တအူးအူးနဲ့ လုပ်နေလို့ သောက်မြင် ကတ်လာပြီ။

"နေပါအုံး.. အလွမ်းသယ်နေရအောင်.. မင်းသွားတာ... ခုမှနှစ်ရက်ရှိသေးတာနော်...''

"အူးကလဲဗျာ... နှစ်ရက်မပြောနဲ့...  အူးနဲ့ဝေးရရင် နှစ်နာရီ နှစ်မိနစ်တောင်.. လွမ်းတာဗျ..''

"အေး..ပြောနေများများ... ပလီပြီးသေနေအုံးမယ်.. နေပါအုံး... ကျူရှင်ကမသွားရဘူးလား...''

"သားတို့ကမနက်ပိုင်းတက်ရတာလေ... နေ့လည်ခင်းကFree... ''

"အားရင်လဲ..စာကျက်နေလေ... ကျူရှင်နောက်ကျတာဆိုတော့.. မမှီတဲ့စာတွေပြန်ကူးလေ.. ငါ့ကိုVCခေါ်ပြီး.. ဖွန်ကြောင်မနေနဲ့..''

"စာလဲကူးမှာ.. စာလဲကျက်မှာစိတ်ချ... အခုကစာကျက်ဖို့.. အားယူနေတာလေ... မောင့်ရဲ့အားဆေးလေး... အာဘွားပေးပါအုံးကွ....''

"တမောင်မောင်နဲ့... အတော်ခံတွင်းတွေ့နေတာလား..''

"အော်.. မဟုတ်လဲ.. နောက်ဆိုခေါ်ရတော့မှာဘဲဟာ... အခုကတည်းက ကြိုလေ့ကျင့်ထားတာလေ...ဟီး...ဟီး..''

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now