အပိုင်း(၃၉)

1.4K 133 19
                                    

.............သစ္စာဖြင့်ဖန်တီးသော..............
real bl  story ............အပိုင်း(၃၉)........

"အာ.... မဟုတ်ဘူးလေ... အပေါက်မှားနေပြီဟ.... မင်းဟာကချော်ထိုးနေတာ.....''

"ဟာ.. အူးကလဲ... သားမှတစ်ခါမှမလုပ်ဖူးတာ... ဘယ်လုပ်တတ်ပါ့မလဲ....''

"ငြိမ်အောင်ကိုင်ပြီးမှ ထိုးလိုက်လေ... မင်းကဘာလို့ တုန်နေတာတုံး..''

"ငြိမ်အောင်လုပ်တာဘဲ... အူးရဲ့မီးရောင်က... သားမှသေချာမမြင်ရတာ...''

"ဟိတ်ကောင်... သောက်ပိုတွေပြောမနေနက်...ဖုန်းမီးထွန်းပြထားတာဘဲဟာ.... ဒီအလင်းရောင်လောက်ဆိုရင်လုပ်လို့ရတယ်... ငါထိုးပြရမလား...''

"ဟာ... တော်ပီ... ရတယ်... လူကိုအထင်သေးမခံနိုင်ဘူး... ရအောင်လုပ်ပြမယ်... ကြည့်နေ...''

"ကြည့်... ချော်ထိုးပြန်ပြီ... ဒီကောင်မဟုတ်သေးပါဘူး... အဲ့မှာအပေါက်လွဲနေတာနဲ့... နှစ်နာရီလောက်ရှိနေပြီ... ''

"ရတော့မှာပါဗျာ... ခနလေးနေစမ်းပါ... အူးအော်နေတာနဲ့ကို.. ဒီမှာစိတ်ကိုစုစည်းလို့မရဘူး... တိတ်တိတ်လေးနေ...ok?''

နှဖူးမှ ချွေးတွေကို သုတ်ပြစ်ရင်း ပြောနေသည့် အဖြူလေးကို ကြည့်ပြီး ရယ်ချင်လှပြီ။
တစ်ခုခုဆို သူ့ကိုအထင်သေးတာမျိုးလုံးဝမကြိုက်တတ်တာလဲ သူ့အကျင့်ဘဲ။

"တောက်... ဘာလို့မရ ရတာလဲကွာ... ဖာ့ခ်ဘဲ...''

မဖြစ်နိုင်ပါဘူးပြောတာကို အဖြူက လက်သင့်မခံဘဲ ရအောင်လုပ်မယ်ဆိုပြီး အတင်းရောကာရော လုပ်နေပြန်သည်။
မနေနိုင်သည့်အဆုံး ဇွဲ ဝင်ပြောပေးရတော့သည်။

"တံတွေး(စတွေး)လေးစွတ်ပြီးမှ သွင်းလေကွာ...''

"မလိုဘူး.... ရတယ်... ဒီအတိုင်းသွင်းပြမယ်... စောင့်ကြည့်....''

အဖြူကောင်က ဇွဲကို ပေစောင်ပေစောင်နဲ့ ကြည့်ပြီး ပက်ခနဲ ပြန်ပြောလာသည်။
ရုပ်ကိုက တကယ့်ရိုက်ပေါက်ရုပ်မျိုး။
ဒီလောက်ပြောမရတဲ့ကောင် လွှတ်ပေးထားလိုက်အုံးမယ်။

"နေကွာ... လူကဖြင့် လုပ်ချင်တာပြာလို့... ညံ့လိုက်တာလဲချာလို့.. အကြီးကသင်ပေးနေရင် လက်သင့်မခံဘူး...''

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now