သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၉)

2K 229 98
                                    

................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
.................................အပိုင်း(၁၉).........................

"ဟြောင့်.... ငါပြောနေတယ်နော်.... မင်းပြောတော့... မဟုတ်တာမလုပ်ပါဘူးဆို... ခုဘာလုပ်တာလဲ... ငါလက်တစ်ဖက်မလှုပ်ရဘူးဆိုပြီး... အနိုင်ကျင့်လို့မရဘူး.. .ငါခါးပါတ်နက်နော်... သတ်ပစ်မှာဗျ.....''

ရှိုင်းရဲ့ရင်ခွင်ထဲမှ လူကြီးသေးသေးလေးက အော်ချင်ရာတွေအသားကုန်အော်ပြီး ရုန်းကန်နေလေသည်။
အဲဒါမျိုးတွေ အသည်းယားတာပါဆို။ရှိုင်းရဲ့ အဝတ်အစားတွေ ချွတ်နေတာကို မကြည့်ရဲလို့ မျက်လုံးမှိတ်ပြီး ထိုင်နေတဲ့ပုံစံလေးက အသည်းယားစရာကောင်းနေတာကြောင့် ရေချိုးခန်းထဲကို မချီပြီး ခေါ်သွားယုံပါဗျာ။ မဟုတ်တာမလုပ်ပါဘူး။ ဒါကို သူထင်ချင်ရာထင်ပြီး ကမ္ဘာပျက်မတတ် အော်နေတာ။

"ဟေ့လူကြီး... ဘာတွေအသားကုန်အော်နေတာလဲ... ဘယ်သူမှမဟုတ်တာမလုပ်ဘူး... စိတ်ချ.. မသိရင်ကျုပ်ကဘဲ... မဒိမ်းကောင်ကြီးကျလို့... ခဗျားဖြစ်ချင်တာတွေတွေးပြီးအော်မနေနဲ့.. အသည်းယားလွန်းလို့... ရေချိုးခန်းထဲမချီလာပေးတာ... ထပ်အော်နေမှ.. တကယ်လုပ်ပစ်မှာနော်...''

"အိ.... မအော်တော့ဘူး... ချပေးတော့လေ... ရေချိုးခန်းထဲရောက်ပီဘဲ...''

ဒီလိုကျတော့လဲ အဖြူကောင်က ဇွဲကို အသာတကြည် အောက်ချပေးသည်။ ဘာဘဲဖြစ်ဖြစ် ရေတော့အတူမချိုးနိုင်ဘူး။
ရှက်တယ်။

"ငါ..ရေချိုးတော့မယ်... သွားတော့....''

ပြောပြီးလှည့်အထွက် ဇွဲကို နောက်မှ သိုင်းဖက်ထားခြင်း ခံလိုက်ရသည်။

"ခနလေး...ခနလေးပါ..ဦးရာ... သား..ဒီလိုလေးခနနေချင်လို့... ဦးကို... အမြဲတမ်းဒီလိုလေး... အနောက်ကနေ သိုင်းပြီးဖက်ထားချင်တာ... ဦး.... သားကိုအမြဲတမ်းချစ်နေပေးနော်.. သားလဲ... ဦးကို... တသက်လုံး... ချစ်နေမှာပါဗျာ... နောက်ဆုံးထွက်သက်အထိ... သားတို့အတူတူ.. ရှိနေကြမယ်နော်.. ဦး....''

အဖြူကောင်ပြောနေတဲ့ စကားတွေက တကယ့်ကို ရင်ခုန်ကြည်နူးစရာပါ။

ဒါပေမဲ့ ဇွဲအတွက်တော့ သူပြောနေသည့် စကားလုံးတွေထက် ပိုပြီးရင်ခုန်နေရသည့် အရာနှင့် ရင်ဆိုင်နေရသည်။ ကြည့်လေဗျာ။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now