အပိုင်း(၄၄)

1.4K 139 166
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl  story

သကြ်န်မဏ္ဍာပ်များဆီက သီချင်းသံမြူးမြူးတွေက ရှိုင်းနားထဲမှာ ကြားတစ်ချက်၊မကြားတစ်ချက်။

ရှိုင်းအရှေ့မှာ ကခုန်နေကြတဲ့ လူအုပ်ကြီးကိုလဲ ထိန်းဖို့စိတ်ဆန္ဒမရှိတော့။

အကြိုနေ့ကစ ဆက်တိုက် ဂျူတီဝင်ခဲ့ပေမယ့် တစ်ရက်မှ ပင်ပန်းတယ် မညီးညူမိခဲ့သောရှိုင်းဟာ
အခုတော့ အတက်နေ့ညနေပိုင်းလေးကိုပင် ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘဲ အရုပ်ကြိုးပြတ်သလို ဖြစ်နေရသည်။

အူး...အူးကြောင့်ပေါ့ဗျာ။
ဒီခံစားချက်ကြီးခံစားနေရတာ....အူးကြောင့်။

ယုံကြည်မှုကိုအလွဲသုံးစားလုပ်ခံရတယ်ဆိုတဲ့ခံစားချက်ရော... ရှိုင်းအပေါ်မှာ လုပ်ရက်လိုက်တာဆိုတဲ့ ခံစားချက်ရော၊ ပြီးတော့ ရှိုင်းမဟုတ်တဲ့လူတွေနဲ့ ရင်ချင်းအပ်ပြီး ပူးကပ်နေတာကို သဝန်တိုတဲ့ခံစားချက်ရော အကုန်လုံးကို တစ်ပြိုင်ထဲခံစားရတာဆိုတော့ စဥ်းစားသာကြည့်ပေါ့။

အူးကို ချက်ချင်းအိမ်ကိုပြန်ခိုင်းလိုက်ပေမဲ့ တကယ်က ရှိုင်းပါ ပြန်ချင်နေပြီ။
ဘာမှဆက်မလုပ်ချင်တော့ဘူး။
အခုချိန်မှာ သိတာ အိပ်ယာပေါ် လုံးဝပြစ်လှဲချလိုက်ချင်တဲ့ စိတ်တစ်ခုဘဲ။

ရှိုင်းအမြဲတမ်း သိနေမြင်နေခဲ့ရတဲ့ အူးရဲ့ပုံစံတွေက ဒီလိုမဟုတ်ခဲ့ပါဘူး။
အူးက ရှိုင်းအတွက် အမြဲတမ်း လေးစားတန်ဘိုးထားရတဲ့သူ။

အူးရဲ့ဘေးနားမှာ တွယ်ကပ်ပြီး နေခဲ့တဲ့တစ်လျောက်လုံး အူးရဲ့အပြုအမူတွေ၊ အကျင့်တွေ၊ စိတ်ထားတွေအကုန်လုံးက တကယ့်ကို စံပြုလေးစားစရာတွေချည်း ဖြစ်သည်။

အရာရှိတစ်ယောက်လဲ ဖြစ်တဲ့ အူးက ဝတ်တာစားတာ နေတာထိုင်တာ သွားတာလာတာကအစ သူ့ရာထူး သူ့အသက်အရွယ်နဲ့ လုံးဝကိုက်ညီအောင်နေတတ်သည်။

စိတ်နေစိတ်ထားက လူကြီးဆန်သလောက် အေးချမ်းမျှတမှုလည်းရှိသည်။
တစ်ခါတစ်ရံ ရှိုင်းက မိုက်ရူးရဲ ဆန်ဆန်တွေ လုပ်မယ်ဆိုရင်တောင် အူးက အကျိုးသင့်အကြောင်းသင့် ရှင်းပြရင်း ပြုပြင်ပေးတတ်တာမျိုး။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now