အပိုင်း(၆၀)

1.4K 155 465
                                    

...........သစ္စာဖြင့်ဖန်တီးသော..............
real bl  story ............အပိုင်း(၆၀).......

ဒီနေ့ အဖြူကောင်က စာပို့ဂျူတီမို့ ညည့်နက်ကြီးမှ ပြန်ရောက်မည်ဖြစ်သည်။
အစောဆုံးမှ ည၁၀ နာရီပေါ့။
ဒီ့ထက်နောက်ကျရင် ည၁၁/၁၂ထိ။

အဖြူပြန်မလာမချင်း မအိပ်တတ်တော့တာ၊ ပြန်လာတဲ့အထိ ထိုင်စောင့်နေတတ်တာတွေဟာ ဇွဲအတွက် အကျင့်တစ်ခုလို ဖြစ်ခဲ့ပြီ။

တကယ်တော့ အဖြူလေးရဲ့အလုပ်က တော်တော်လေး ပင်ပန်းပါသည်။
မနက်၆နာရီ၊ ၇နာရီကစတဲ့ဂြူတီခြိနျတှဟော အခုလို ရုံးကြီးကထွက်သမျှ စာတွေကို သက်ဆိုင်ရာ အောက်ရုံးတွေအထိ ပို့ပေးရသော စာပို့ဂျူတီနေ့ဆို တော်တော်လေးညနက်အထိလုပ်ကြရသည်။

ပုံမှန်နေ့တွေမှာရော သက်သာသလားဆိုတော့ မသက်သာလှပါဘူး။
ညနေ၅နာရီ ဂျူတီသိမ်းချိန်မှာ VIPလမ်းကြောင်း မတွဲပါစေနဲ့ဟု ဆုတောင်းရတာအမော။
VIPလမ်းကြောင်းသွားတွဲလို့ကတော့ စောင့်စမ်း ညနက်အထိ။

ဒါမှမဟုတ် ယာဥ်စစ်ဆေးရေးနဲ့ ဖမ်းဆီးရေး တာဝန်ဆိုလဲ မစားသာပြန်ဘူး။
တစ်နေကုန် နေပူထဲ လာသမျှ ကား၊ဆိုင်ကယ်တွေကို စစ်ရ၊ဆေးရ၊ဖမ်းရဆီးရနဲ့။
ဖမ်းလို့ဆီးလို့ဆိုရင်လဲ အဖမ်းခံရတဲ့သူက သူတို့ရဲ့အပြစ်ကို မမြင်တတ်ကြဘဲ ဖမ်းတဲ့ယာဥ်ထိန်းရဲကို မကြည်မလင်မေတ္တာပို့ကြတာ ခပ်များများမဟုတ်လား။

တစ်ခါ တစ်လေ ဆိုင်ကယ်တွေကားတွေက မရပ်ဘဲ ကပ်မောင်းပွတ်ဆွဲတာတွေဘာတွေက လုပ်သေးတာတဲ့လေ။
အသက်တောင် အန္တရာယ်ရှိနိုင်လို့ အဖြူအလုပ်သွားတိုင်း နောက်ကနေ မေတ္တာပို့ပေးနေရတော့တာ။

အဖြူကတော့ အဲ့လိုဖမ်းတဲ့နေရာမှာ လစ်ရင်လစ်သလို လွှတ်ပေးလိုက်တတ်ပါသည်။
မလွှဲမရှောင်သာ မတတ်နိုင်မှဘဲ ဖမ်းတတ်ပါတယ်တဲ့။

မေးကြည့်တော့ တစ်ခါတစ်လေ တချို့အကြောင်းလေးတွေကြောင့် ဆိုင်ကယ်တွေ၊ကားတွေမှာလဲ ချို့ယွင်းချက်လေးတွေရှိတတ်တာဘဲတဲ့၊ ဖမ်းလိုက်ရင် အနဲဆုံး သုံးသောင်းဆိုတော့ အဖမ်းခံရတဲ့သူခဗျာ မသက်သာဘူးမို့ သနားတယ်တဲ့လေ။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now