အူးရဲ့လက်ရာ

948 98 13
                                    

ဒီနေ့ သစ္စာဖြင့်ဖန်တီးသောကို အပိုင်းသစ်ရေးနေရင်း စာဖတ်ပရိတ်သတ်တွေက အူးကိုဆက်သွယ်ပြီး တောင်းဆိုလာတာလေးရှိပါတယ်။

မနေ့က အဖြူ့ရဲ့လက်ရာ ဝတ္ထုတိုလေးဖတ်ရပြီးတဲ့နောက် အူးရေးတဲ့ ဝတ္ထုတိုလေးတွေကိုပါ ဖတ်ချင်လို့ တင်ပေးပါတဲ့။

ဒီလိုတောင်းဆိုခံရလို့ အရမ်းဝမ်းသာရပါတယ်။
အနုပညာကို ဖန်တီးတဲ့ သူတစ်ယောက်အတွက် ပရိတ်သတ်ရဲ့ အားပေးမှု၊ ချစ်ခင်မှုတွေဟာ တန်ဖိုးဖြတ်မရတဲ့ အရာပါဘဲ။

ဒီလိုလာတောင်းဆိုနေကြတဲ့ အူးရဲ့ပရိတ်သတ်အတွက် ဘယ်ဝတ္ထုတိုလေးကို တင်ပေးရမလဲဆိုပြီး ပြန်ရှာကြည့်ရပါတယ်။

ဒီနေ့အထိဆိုရင် အူးရေးတဲ့ ဝတ္ထုတိုလေးတွေက ၁၅ပုဒ်လောက် ရှိနေပါပြီ။
ဒီအထဲကမှ အူးနဲ့ အဖြူရဲ့ coupleပုံစံလေး ဖြစ်သွားအောင် 'ဖိနပ်လေးတွေကို ရှက်မိသည်' ဆိုတဲ့ ဝတ္ထုတိုလေးကို တင်ပေးလိုက်ပါတယ်။

ဒီဝတ္ထုလေးကို အူးကအရင်ရေးတာပါ။
၆လပိုင်း ၂၀၁၈မှာပေါ့။
သိပ်မကြာခင် ၇လပိုင်း ၂၀၁၈မှာ အဖြူက သူ့ရဲ့ ယင်းမာဖိနပ်အဖြူလေးဆိုတဲ့ ဝတ္ထုတိုကို ရေးတာပါ။

သူရေးတာအူးမသိသလို အူးရေးတာကိုလဲ သူမသိပါဘူး။
နောက်မှ ဒိုင်ယာရီတွေဖတ်ကြရင်း သူနဲ့အူးရေးထားတာတွေကို အပြန်အလှန်သိခွင့် ရကြတာပါ။

အချိန်သိပ်မကွာဘဲ အကြောင်းအရာတစ်ခုကို ခံစားချက် လေးတွေနဲ့ ရေးမိတဲ့စာလေးတွေက မထင်မှတ်ဘဲ တူသလိုလာဖြစ်နေတာက အူးတို့နှစ်ယောက်ရဲ့ ရေစက်တွေဘဲ ထင်ပါရဲ့။

ကဲ... အူးရဲ့ပရိတ်သတ်ကြီးရေ..
ဖတ်ပေးကြပါအုံး။
ဖတ်ပြီးလို့ ခံစားချက်တစ်ခုတစ်လေ ရှိခဲ့ရင်လဲ ကွန်မန့်လေးမှာ ရေးပေးခဲ့ပါအုံး။

နောက်ထပ်လဲ ရသဝတ္ထုတိုလေးတွေ ထပ်တင်ပေးပါအုံးမယ်။
ချစ်သောမျက်စိဖြင့် အားပေးကြပါအုံးခဗျာ။

သစ္စာဖြင့် ဖန်တီးသောကိုလဲ အပိုင်းသစ်တင်နိုင်အောင် ဒီညအပြီးသတ် ကြိုးစားရေးနေပါကြောင်း သတင်းကောင်းပါးလျက်......ချစ်ရတဲ့.... အူး....။

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

Zawgyi👇👇👇






၆လပိုင်း ၂၀၁၈မှာပေါ့။
သိပ်မကြာခင် ၇လပိုငျး ၂၀၁၈မှာ အဖြူက သူ့ရဲ့ ယင်းမာဖိနပ်အဖြူလေးဆိုတဲ့ ဝတ္ထုတိုကို ရေးတာပါ။



ဖတ်ပေးကြပါအုံး။




သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now