သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၄)

2.1K 235 47
                                    

.......................သစ္စာဖြင့်ဖန်တီးသော.......real bl  fic
.................................အပိုင်း(၁၄).........................

အတွင်းခံဘောင်းဘီဝယ်ဖို့ကိစ္စက တခြားသူတွေအတွက်တော့ ဘယ်လိုနေမည်မသိ။ ဇွဲအတွက်တော့ အတော်ခက်ခဲလှသည်။ ဘာလို့ဆို အဝတ်အစားဆိုင်တွေက မိန်းကလေးတွေ ရောင်းကြတာခပ်များများ မဟုတ်လား။ အတွင်းခံဝယ်တာဘဲ ဘာရှက်စရာရှိလို့လဲလို့ ပြောကြမလားမသိ။ ဇွဲကတော့ ရှက်သည်။ သူတို့ကိုမေးရ၊ သူတို့ရှေ့မှာ ဘောင်းဘီထုတ်ကြည့်ရ အတော် မျက်နှာ ပူရချက်။

ဒါကြောင့် အဲ့လိုတွေဝယ်မယ်ဆို ကိုယ်စိတ်တိုင်းကျ ဘယ်သူ့မှမေးစရာ မလို၊ ကိုယ့်လဲဘယ်သူမှ မကြည့်နေသည့် စူပါမားကက်လို နေရာများမှာသာ ဝယ်လေ့ရှိသည်။

အခုတော့ အဖြူကောင် ကောင်းမှုနဲ့ လမ်းထိပ်က စတိုးဆိုင်မှာသာ ဝယ်နေရတော့သည်။ စူပါမားကက်ထိသွားနေစရာ အချိန်မှမရှိတာ။
ရှက်တာတော့ အတော်ရှက်ရပါသည်။

အခုလဲကြည့်လေ....။ စျေးရောင်းသည့် ကောင်မလေးတွေက XLဆိုဒ်လို့လဲပြောရော လူကိုပြုံးစိစိနဲ့ ကြည့်နေကြသည်။
ဟုတ်ပါ့မလား ဆိုတာက ပါသေး။ မယုံ သင်္ကာနဲ့ ။ အစစ်မတွေ အာ့တွေကြောင့် ကြည့်မရတာ။

ရှက်စိတ်ရော ဒေါသစိတ်ရောဖြင့် မွှန်ထူနေသော ဇွဲ။ စိတ်ထဲက အဖြူကောင်ကိုလဲ မေတ္တာပို့ရင်းဖြင့် herrierတံဆိပ် XL ဆိုဒ်တစ်ထည်ကို မြန်မြန်ဝယ်ပြီး ထွက်လာခဲ့သည်။

အဖြူကောင်...အဖြူကောင်....။ စတွေ့ကတည်းက ဇွဲကို ကောင်းကျိုးကိုမပေးဘူး။ချီးထုပ်ကို နဲနဲလောက် ပညာထပ်ပြအုံးမှပါ။ လူယုတ်မာအပြုံးလေးပြုံးရင်း တစ်စုံတစ်ခုကို သတိရသွားသည်။ ....အဖြူကောင်ရေ... ငါလာပီဟေ့...။

----------------------vvvvvvvvvvvv------------------

ရေချိုးပြီး မျက်နှာသုတ်ပဝါကြီးနဲ့ ရေသုတ်ရင်း ရှိုင်းပြုံးနေမိသည်။ ဘိုးတော်ပေါက်စ ကို ညကကိစ္စအတွက် နဲနဲလောက် ပညာပြန်ပေးပစ်လိုက်တာ​လေ ။ ရှိုင်း သိတာပေါ့။ ဒီလူကြီး ဒီလောက်အရှက်အကြောက်ကြီးတာ။ အတွင်းခံဘောင်းဘီ XL ဆိုဒ် ဝယ်ရင်း ဘယ်လောက်များ အရှက်သည်းနေမလဲမသိ။ ကျေနပ်တယ်ကွာ...။

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now