သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၂)

2.3K 257 53
                                    

......................သစ္စာဖြင့်ဖန်တီးသော...............real bl  fic
..............................အပိုင်း(၁၂).........................

"အား.........................''
"သေပါပီဗျာ..... ဦးကလဲဗျာ.... ဖြေးဖြေးသာသာလုပ်မှပေါ့...''

"ငါ့ကိုစိုက်ကြည့်ပြီး... ပြုံးပြုံးကြီးလုပ်နေတာကိုး.... မဟုတ်တာတွေ ကြံစည်မနေနက်... ငါက ခါးပါတ်နက်နော်...မောင်ရင်...''

"ဟာ... မကြံစည်ပါဘူး... ဦးကတယုတယ ပြုစုနေတာလေးကို... သဘောကြနေတာပါ... လက်သီးကလဲ..ပြင်းလိုက်တာဗျာ... သွားတွေပါကျွတ်သွားပီမှတ်တာ.....''

"နဲတောင်နဲသေးဗျာ... မင်းဘာကိစ္စ ငါ့ဘဝကိုဝင်နှောက်သလဲ... မူးချင်ယောင်ဆောင်ပြီး... ရည်းစားစကားကပြောသေး... သတ်ပစ်လိုက်မှာ....''

"ချစ်လို့လေ... ချစ်လို့... ရတယ်သတ်ချင်လဲသတ်... အချစ်အတွက် အသက်ကိုပါစွန့်ရဲတယ်... ဒီကောင်က ဦးရဲ့အချစ်သာ ရမယ်ဆိုရင်.. ဓားတောင်ကိုလဲကျော်ရဲတယ်... မီးပင်လယ်လဲဖြတ်ရဲတယ်... ဘယ်ကောင်ကိုသွားသတ်ပေးရမလဲ... လက်မရွံသတ်ရဲ........''

"ဘုတ်........''

"အမေရေ.... အား.... အိမ်မြှောင်....အိမ်မြှောင်....''

လေကြီးလေကျယ် အာကျယ်နေသောအဖြူကောင်....။ စကားတောင် မဆုံးသေး။ ဒင်ကိုယ်ပေါ် တည့်တည့်ပြုတ်ကျလာသော အိမ်မြှောင်ကြောင့် စပ်စလူးခါ အော်ဟစ်ရင်း ဇွဲ ရဲ့ ကိုယ်ပေါ်အတင်း တက်ခွနေတော့သည်။

"အော်ဟော်.... ရာဇဝင်သူရဲကောင်းကြီးရယ်... အိမ်မြှောင်လေးက.. ပြေးသွားရှာပါပြီ.... အဲ့လောက်ကြီး... သတ္တိတွေရှိပြမနေပါနဲ့တော့... ကျွန်တော်လဲအသက်ရှူ ကျပ်လှပါပြီ... ဆင်းတော်မူပါတော့... တကဲတည်းဗျာ... ဓားတောင်တွေရော... မီးပင်လယ်တွေရော... လေကြီးနေတာ... အိမ်မြှောင်လေးပြုတ်ကြတာ... ငယ်သံတွေကိုပါလို့... ရဲ..လုပ်မနေနက်တော့မောင်ရင်...''

အတင်းဖက်ခွထားသည့် အဖြူကောင်ကို တွန်းထုတ်ရင်း ပြောလိုက်တော့ ''ဟီး...''ခနဲ တစ်ချက်ရယ်ပြရင်း ဆင်းသွားသည်။

"ဓားတောင်တွေ..မီးပင်လယ်တွေ.. လူလူချင်းအကုန်ရင်ဆိုင်ရဲတယ်.. ဒါပေမဲ့... အိမ်မြှောင်တော့ကြောက်တယ် ဦးရ.... ဘာလို့လဲမသိဘူး.. အသဲယားတာလဲပါမယ်...ဟီး... ဒါနဲ့.. ခုနကစကားက... ဘယ်ရောက်သွားပါလိမ့်.... ဦး... သားပြောနေတာ... ဘယ်နားရောက်သွားပြီလဲ...ဟဲ...''

သစ္စာဖြင့်ဖန်တီးသော(complete)Where stories live. Discover now